Homeပြည်တွင်းသတင်းမန္တလေးအိုးဘို အကျဉ်းထောင်ကို ဒရုန်းနဲ့ဗုံးကြဲချခံရ နိုင်ငံရေးအကျဉ်းသား ၇ ဦးသေဆုံးပြီး၊ ဘယ်အဖွဲ့က ကြဲချတယ်ဆိုတာ မသိရသေး

မန္တလေးအိုးဘို အကျဉ်းထောင်ကို ဒရုန်းနဲ့ဗုံးကြဲချခံရ နိုင်ငံရေးအကျဉ်းသား ၇ ဦးသေဆုံးပြီး၊ ဘယ်အဖွဲ့က ကြဲချတယ်ဆိုတာ မသိရသေး

၁၆ ဩဂုတ် ၂၀၂၅

မန္တလေးအိုးဘိုထောင်အတွင်းကို ဩဂုတ် လ ၈ ရက် မနက်ပိုင်းမှာ ဒရုန်းနဲ့ဗုံးကြဲချခံရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ် အတွင်း နိုင်ငံရေးအကျဉ်းသား ၇ ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားမျာအဖွဲ့(PPNM)ရဲ့တာဝန်ရှိသူတဦးက New Day Myanmar ကိုပြောပါတယ်။

အခုလို အိုးဘိုအကျဉ်းထောင်းအတွင်းကို ပစ်မှတ်ထားတိုက်ခိုက်သူဟာ ဘယ်အဖွဲ့အစည်းက ဖြစ်တယ်ဆိုတာမသိရသေးဘဲ PPNMအနေနဲ့ ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ဆိုပါတယ်။

“ကျွန်တော်တို့သိထားတာက ဒရုန်းနဲ့ကြဲတာဖြစ်ပါတယ်။ ဗုံးသုံးလုံးချတဲ့အထဲမှာ နှစ်လုံးကွဲပြီး ကျွန်တော်တို့ နိုင်ငံရေးအ ကျဉ်းသား သေဆုံးသူအနည်းဆုံး ၇ဦးရှိပါတယ်။ ဆက်ပြီးလည်း အတည်ပြုနေဆဲပါ။အခြေအနေက လျို့ဝှက်ထားတဲ့အခြေအနေဖြစ်တယ်။သတင်းကိုအမှောင်ချထားတာဖြစ်တယ်။ ဒါဖြစ်ပြီးထဲက ထောင်ဝင်စာတွေ့ခွင့်ကို အမျိုးသားအဆောင်ကိုတပတ်‌လောက်မပေးတာမျိုးတွေရှိတယ်။ ဒီအခြေအနေကြောင့် ထောင်အပြင်ကိုသတင်းမထွက်တာမျိုးလို့ သုံးသပ်ပါတယ်” လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက New Day Myanmar ကိုပြောပါတယ်။

‌ဒရုန်းဗုံးကျရောက်ပေါက်ကွဲတဲ့အပေါ် စစ်ကော်မရှင်ဘက်က ငြင်းဆိုတဲ့အပြင် နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ပတ် သက်တယ်လို့ဆိုပြီး စွပ်စွဲရိုက်နှက်စစ်‌ ဆေးတာတွေလည်း ရှိနေတယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။

“ဒီကိစ္စရပ်ပေါ်မှာ စုံစမ်းနေဆဲဖြစ်တဲ့အတွက် တိတိကျကျ မရထားတဲ့အပေါ်

ဘယ်အဖွဲ့ကကျဲတယ်ဆိုတာ အသိပေးဖို့အသင့်ရှိမနေသေးပါဘူး။ အတည်ပြုနိုင်ပြီ အချက်အလက်တွေရရှိပြီဆိုရင်ထုတ်ပြန်သွားမှာပါ”လို့ သူက ဆက်ပြောပါတယ်။

စစ်ရေးပစ်မှတ် လုံးဝမဟုတ်တဲ့ အကျဉ်း ထောင်တွေရှိ အကျဉ်းသားတွေကို ပစ် မှတ်ထားတိုက်ခိုက်တာကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် အပြင်းအထန် ကန့်ကွက်ပြီး၊ မည်သည့်နည်းလမ်းနဲ့မဆိုကြိုးစားဆောင်ရွက်သွားမယ်လို့အသိပေးထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး