Homeပြည်တွင်းသတင်းမန္တလေးအကျဉ်းထောင်အတွင်း အကျဉ်သား/သူ ၇၀ ခန့် ဝမ်းပျက်ဝမ်းလျော ရောဂါဖြစ်ပွားနေ

မန္တလေးအကျဉ်းထောင်အတွင်း အကျဉ်သား/သူ ၇၀ ခန့် ဝမ်းပျက်ဝမ်းလျော ရောဂါဖြစ်ပွားနေ

၂၈ ဇန်နဝါရီ၊ ၂၀၂၅

မန္တလေးတိုင်း၊ မန္တလေးအကျဉ်းထောင်မှာ အစားအသောက်နဲ့ သောက်သုံးရေ သန့်ရှင်းမှုမရှိတာကြောင့် ယခုလ ဒုတိယအပတ်မှ စတင်ကာ ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားမှုနှုန်း တိုးပွားနေပြီး အကျဉ်းသား၊အကျဉ်းသူ ၇၀ ဦးခန့် ဖြစ်ပွားလျက်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ထုတ်ပြန် မှုအရ သိရပါတယ်။

အဆိုပါအခြေအနေအတွင်း ထောင်အာဏာပိုင်တွေမှ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးတဲ့အပြင် မိသားစုဝင်တွေက ပေးပို့တဲ့ဆေးဝါးတွေကိုလည်း ကန့်သတ်မှုတွေ ပြုလုပ်နေတယ်လို့လည်း ဖော်ပြပါရှိ ပါ တယ်။

နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသားတွေအနေနဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ အစားအစာ နဲ့ ဆေးဝါးတွေကိုပင် ပြည့်ဝစွာ မရရှိကြဘဲ ဖိနှိပ်ခံနေရကြောင်းနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အဆောက်အဦများ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို စစ်ကောင်စီက ဆက်တိုက်လုပ်ဆောင် နေပြီး စစ်ရာဇဝတ်မှု တွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။

လက်ရှိ ဇန်နဝါရီလ ၂၂ ရက်၊ ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေမှာ စ ရှမ်းပြည်နယ်၊ နောင်ချို၊ ကျောက်မဲ နဲ့ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာတွေမှာရှိတဲ့ စာသင်ကောင်းနဲ့ ဆေးရုံ စတဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အဆောက်အဦးတွေကို စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်တွေအပါအဝင် ပြည်သူ ၃၀ ဦးကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာအများအပြားရရှိခဲ့ပါတယ်။

စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ လေးနှစ်ကျော်ကာလအတွင်း နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်းမှာ (၆၂၀၈) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ AAPP ရဲ့ စာရင်း တွေအရ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read