Homeအထူးသတင်းမန္တလေးသံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှာ ပါဝင်လာတဲ့အတွက် ကံဆောင်သံဃာ ၂၂ မြို့နယ်အထိရှိလာ

မန္တလေးသံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှာ ပါဝင်လာတဲ့အတွက် ကံဆောင်သံဃာ ၂၂ မြို့နယ်အထိရှိလာ

၇ ဇူလိုင်၊ ၂၀၂၄

မန္တလေးမြို့က သံဃာတော်တွေ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ရာမှာ ပါဝင်လာတဲ့အတွက် ကံဆောင်တဲ့မြို့နယ် ၂၂ မြို့နယ်အထိ ရှိလာပါတယ်။

ဇူလိုင်လ ၅ ရက်မှာ မန္တလေးမြို့က သံဃာတော်တွေ စုဝေးပြီး စစ်ကောင်စီကိုု ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ခဲ့တယ်လို့ သံဃသမဂ္ဂ(မန္တလေး)ရဲ့ တာဝန်ရှိဆရာတော်တပါးက မိန့်ကြားပါတယ်။

“မြေပြင်မှာ တနိုင်ငံလုံးအတိုင်းအတာအထိ သံဃာတွေ ပါဝင်လာမယ်လို့ ယူဆပြီး စစ်ကောင်စီကို ထောက်ခံနေတဲ့ သံဃာတွေ အကြောက်လွန်နေတဲ့သံဃာတွေကတော့ နေသာသလို ဆက်နေကြလိမ့်မယ်။ မြဝတီဆရာတော်ကြီး မိန့်တော်မူသလို တော်လှန်ရေးကိုနိုင်ရာ တာဝန်ယူပြီးလုပ်နေတယ်ဆိုထဲက စကစကို အလိုလို သပိတ်မှောက်ပြီးသား ဖြစ်နေပါပြီ”လို့ သံဃသမဂ္ဂ(မန္တလေး)ရဲ့ တာဝန်ရှိဆရာတော်က မိန့်ကြားပါတယ်။ သံဃသမဂ္ဂ(မန္တလေး)က အခုဖြစ်ပေါ်နေတဲ့ ပတ္တနိက္ကုဇ္ဇန-သပိတ်မှောက် ကံဆောင်တော်မူကြသည့် ဘယ်သံဃာ့အဖွဲ့အစည်းနဲ့မဆို တသားတည်း အပြည့်အဝ သဘောတူတယ်လို့ ကြေညာပါတယ်။

ကံဆောင်သပိတ်ကို ဇွန်လ ၂၃ရက်​က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က စတင်ပြုလုပ်ခဲ့ပြီး ဒီပဲယင်း၊ ဆားလင်းကြီး၊ တန့်ဆည်၊ စစ်ကိုင်း၊ မုံရွာ၊ဝက်လက်၊အရာတော်၊ ဘုတလင်၊ မြင်းမူ၊ ရေဦး၊ ကနီမြို့နယ်၊ မကွေးတိုင်းမှာ မြိုင်၊ ပခုက္ကူ၊ ပေါက်နှင့် ဆိပ်ဖြူမြို့နယ်၊ တနင်္သာရီတိုင်းမှာ ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်၊ မန္တလေးတိုင်းမှာ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ မန္တလေး မြို့နယ်တွေက ပြုလုပ်ခဲ့တဲ့အတွက် ၂၁ မြို့နယ်ထိ ရှိနေပြီ ဖြစ်ပါတယ်။

ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို ဇွန်လ ၁၉ ရက်မှာ နိုင်ငံတော်သံဃမဟာနာယက(ငြိမ်း)၊ ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ဆရာတော်ကို စစ်ကောင်စီက ပစ်သတ်ခဲ့တဲ့အတွက် သံဃာတော်တွေက ဆန့်ကျင်တဲ့အနေနဲ့ ပြုလုပ်တာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read