မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မှာမြေသယ်ကားတစ်စီးက စက်ဘီးစီးလာတဲ့ ၁၂ နှစ်ခန့်အရွယ်ကလေးကို တိုက်မိပြီး ကလေးငယ်သေဆုံးသွားခဲ့တယ်လို့ ဒေသခံသတင်း
ရင်းမြစ်တွေဆီက သိရပါတယ်။
ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၄၉ လမ်းနဲ့ ၁၁၄ လမ်းဒေါင့်မှာ တောင်ကနေ မြောက်ကိုမောင်းနှင်းလာတဲ့ မြေသယ်ကားက စက်ဘီးစီးလာတဲ့ ၁၂ နှစ်ခန့်အရွယ်ကလေးကို တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ရာ ကားတိုက်ခံရတဲ့ ကလေးငယ်မှာ အခင်းဖြစ်နေရာတင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ကလေးရဲ့ရုပ်အလောင်းကို နန္ဒာမေတ္တာ လူမှုကယ်ဆယ်ရေးအဖွဲ့ က မော်တော်ယာဥ်နဲ့မန္တလေးပြည်သူ့ဆေးရုံကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
ဓါတ်ပုံ- နန္ဒာမေတ္တာ လူမှုကယ်ဆယ်ရေးအဖွဲ့


