Homeပြည်တွင်းသတင်းမန္တလေးမှာ အမျိုးသမီး ၂ ဦးတူနဲ့ အထုခံရပြီး အသက် ၈၀ ကျော်အမျိုးသမီးကြီးတဦးသေဆုဲံး

မန္တလေးမှာ အမျိုးသမီး ၂ ဦးတူနဲ့ အထုခံရပြီး အသက် ၈၀ ကျော်အမျိုးသမီးကြီးတဦးသေဆုဲံး

၂၇ အောက်တိုဘာ ၂၀၂၅

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၂ ရပ်ကွက်၊ ၇၀ (B)လမ်း၊ ၁၀၇ (A) နဲ့ ၁၀၈ လမ်းကြားမှာ ရှိတဲ့ နေအိမ်တအိမ်မှာ အသက် ၈၀ ကျော် အမျိုးသမီးတဦးအပါအဝင် အမျိုးသမီးနှစ်ဦးကို တူနဲ့ထုသတ်ခံရပြီး အသက် ၈၀ ကျော်အမျိုးသမီးကြီး သေဆုံးခဲ့ရတဲ့ဖြစ်စဥ်တခု အောက်တိုဘာလ ၂၆ ရက်မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဘာကြောင့်အခုလို ဖြစ်ရတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ “လို့ ရပ်ကွက်နေပြည်သူ တဦးက ပြောပါတယ်။

အောက်တိုဘာ ၂၆ ရက်မနက်ပိုင်းက လူသတ်ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိတာကြောင့် တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့ရာ ဒေါ်…(၈၄နှစ်)ဟာ မြေညီထပ်ဧည့်ခန်းက ထိုင်ခုံပေါ် မှာ ထိုင်လျှက်အနေအထားနဲ့ ဦးခေါင်းထုရိုက်ခံထားရပြီး ဦးခေါင်းပေါက်ပြဲဒဏ်ရာများနဲ့ သေဆုံးနေကာ ဒေါ်…(၃၆နှစ်)ဟာ ဧည့်ခန်းက ကုတင်ပေါ်မှာ ဦးခေါင်းထိပ် ပေါက်ပြဲစုတ်ပြဲဒဏ်ရာ (၁)ချက်၊ ဝဲနှထင်စုတ်ပြဲဒဏ် ရာ(၁)ချက်နဲ့ဝဲဂျိုစောင်းနောက် ပေါက်ပြဲဒဏ်ရာ (၁) ချက်(စိုးရိမ်ရ)ရရှိခဲ့တာကြောင့် သေဆုံးနဲ့ထိခိုက်ဒဏ် ရာ ရရှိသူတို့ကို ချမ်းမြသစ္စာလူမှုကူညီရေးအသင်းက မော်တော်ယာဥ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျူးလွန်သူ တရားခံကို ဖမ်းဆီးရမိစေရေး စီစဥ်ဆောင်ရွက် နေတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး