Homeပြည်တွင်းသတင်းမန္တလေးမှာ သံတိုသံစထဲ ပါလာတဲ့ဗုံးကို စနက်တံဆွဲမိတာကြောင့် ပေါက်ကွဲမှုဖြစ်

မန္တလေးမှာ သံတိုသံစထဲ ပါလာတဲ့ဗုံးကို စနက်တံဆွဲမိတာကြောင့် ပေါက်ကွဲမှုဖြစ်

၁၂ အောက်တိုဘာ ၂၀၂၅

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၃ လမ်း ၁၂၄ လမ်းကြား ၅၄ (အေ) လမ်းက နေအိမ်တခုမှာ အောက်တိုဘာ ၁၁ ရက် နေ့လယ်ပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ သန့်ရှင်းရေးပြုလုပ်ပြီးပြန်လာရာက သယ်ဆောင်လာခဲ့တဲ့ စွန့်ပစ်ပစ္စည်း သံတိုသံစများအထုတ်အတွင်းကနေ တရုတ်ကြိုးဆွဲလက်ပစ်ဗုံးလို့ ယူဆရတဲ့ ဗုံး ၁ လုံးရဲ့ ကြိုးစကို ဆွဲကြည့်မိရာ မီးခိုးထွက်ပြီး ယမ်းနံထွက်လာတာကြောင့် အဝတ်ရေစိမ်ထားတဲ့ ကော်ပုံးအတွင်း ပစ်ထည့်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် အသက် ၃ နှစ်အရွယ် မိန်းကလေးတဦးက နေရာမှာတင် သေဆုံးခဲ့ပြီး အမျိုးသမီးတဦးနှစ် ၅ နှစ်အရွယ် ကောင်လေးတဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး နောင်ချိုဆေးရုံကနေ စွန့်ပစ်ပစ္စည်း သံတိုသံစများအထုတ်ကို သယ်ဆောင်လာတဲ့ ဖိုးလပြည့် (၃၁နှစ်) ကို ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်းမှာ ဆက်လက် စစ်ဆေးနေဆဲလို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး