Homeပြည်တွင်းသတင်းမန္တလေးမှာ မွေးကင်းစ ကလေးငယ်ကို အမှိုက်ကန်အတွင်း စွန့်ပစ်မှုဖြစ်ပွား

မန္တလေးမှာ မွေးကင်းစ ကလေးငယ်ကို အမှိုက်ကန်အတွင်း စွန့်ပစ်မှုဖြစ်ပွား

၁၁ ဒီဇင်ဘာ ၂၀၂၅

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ ၅၈ လမ်း နဲ့ ၁၀၂ (A)လမ်းထောင့်မှာ ဒီဇင်ဘာလ ၁၁ ရက်မနက်ပိုင်းက မွေးကင်းစ ကလေးငယ်ကို အမှိုက်ကန်အတွင်း စွန့်ပစ်မှုဖြစ်ပွားခဲ့တယ်လို့ မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

စွန့်ပစ်ခံရတဲ့ မွေကင်းစကလေးငယ်ဟာ လှုပ်နေသေးတဲ့အတွက် မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့က နီးစပ်ရာ အေးမြမေတ္တာဆေးရုံကို ပို့ဆောင်ပြီး ကလေးကို အပူပေးတာ၊ ချက်ကြိုးဖြတ်တာတွေ ပြုလုပ်ပေးခဲ့တဲ့ အတွက် အသက်ရှင်ခဲ့တယ်လို့ သိရပါတယ်။

စွန့်ပစ်ခံရသူကလေးငယ်ကို မြရည်နန္ဒာလူမှုကယ် ဆယ်ရေးအဖွဲ့က ကူညီစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – မြရည်နန္ဒာလူမှုကယ် ဆယ်ရေးအဖွဲ့

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး