Homeပြည်တွင်းသတင်းမန္တလေးမှာ မိုးရွာသွန်းမှုများတာကြောင့် ငလျင်ဒဏ်သင့် ပြိုလက်စအဆောက်အဦးတစ်လုံး ထပ်မံပြိုကျ

မန္တလေးမှာ မိုးရွာသွန်းမှုများတာကြောင့် ငလျင်ဒဏ်သင့် ပြိုလက်စအဆောက်အဦးတစ်လုံး ထပ်မံပြိုကျ

မေ ၂၁ ၊ ၂၀၂၅

မန္တလေးမြို့မှာ မနေ့ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် မဟာအောင်မြေမြို့နယ်၊ ပဲပုတ္တန်းရပ်၊ ၈၉လမ်း၊ ၃၇ လမ်းနဲ့ ၃၇ လမ်းကြားမှာရှိတဲ့ ငလျင်ဒဏ်ကြောင့် ပြိုကျထားတဲ့အဆောက် အဦး ထပ်မံ ပြိုကျခဲ့တယ်လို့ မဏီစလလူမူကူညီရေးအသင်းထံက သိရပါတယ်။

ဖြစ်စဉ်အတွင်း လူထိခိုက်မှုမရှိဘဲ အနီးဝန်းကျင် လူနေအိမ်တွေကတော့ လူမှုကူညီရေးအသင်းအကူအညီနဲ့ အမြန်ရွှေ့ပြောင်းခဲ့ရတယ်လို့သိရပါတယ်။

မေလ (၁၇)ရက်နဲ့ (၁၈)ရက်ကလည်း နောက်ဆက်တွဲငလျင်နဲ့ မိုးသည်းထန်စွာ ရွာသွန်းတာတွေကြောင့် သစ်ပင် တွေလဲပြီး မဟာအောင်မြေမြို့နယ်မှာ သားအဖနှစ်ဦးသေဆုံးကာ အမရပူရမြို့နယ်မှာ နေအိမ် (၃)လုံး ပျက်စီးခဲ့ပါသေးတယ်။

ဓာတ်ပုံ – မဏီစလလူမူကူညီရေးအသင်း

ဆက်စပ် သတင်းများ

Most read