မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ် သာအနောက်ရပ်ကွက်၊ အကွက်အမှတ် (၅၆၁)၊ ၈၅ Aလမ်း၊ ၃၃x၃၄ လမ်းကြားက ငလျင်ဒဏ်သင့် အဆောက်အဦ ဖြိုဖျက်ရာကနေ ဘေးကပ်လျှက်က အိမ်ပေါ်ကို ပြိုကျခဲ့တဲ့ဖြစ်စဥ်တစ်ခု အောက်တိုဘာလ၂၁ ရက် ညနေ ၂နာရီ၅၀မိနစ်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဖြစ်စဥ်ကြောင့် အသက်၈၀ခန့်အရွယ်အမျိုးသမီး ၁ဦး သေဆုံးပြီး အမျိုးသား ၂ဦး ထိခိုက်ဒဏ်ရာရရရှိခဲ့ပြီး ပြိုကျမှုဖြစ်စဥ်အတွင်း သေဆုံးနဲ့ထိခိုက်ဒဏ်ရာရရှိသူများကို ဆက်လက်ရှာဖွေနေဆဲလို့ သိရပါတယ်။
အဆောက်အဦပြိုကျမှုဖြစ်ပွားရာကို မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနဲ့လူမှုကူညီရေးအသင်းအဖွဲ့များက ကယ်ဆယ်ရေးအဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက် ဆောင်ရွက်နေဆဲလို့လည်း သိရပါတယ်။


