မန္တလေးတိုင်းဒေသကြီး၊မဟာအောင်မြေမြို့နယ်၊ မဟာအနောက်ရပ်ကွက်၊ ၈၃×၈၄လမ်းကြား၊ ၄၁ လမ်းပေါ်မှာရှိတဲ့ Win Star hotel ဟာ ဧပြီ ၁ ရက် မနက်မှာ ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျသွားခဲ့ပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းပိတ်ထားပြီး ရှာဖွေရေးတွေလုပ်ဆောင်နေပါတယ်။
“ငလျင်စလှုပ်ကတည်းက ဟိုတယ်က ပြိုကျလုနီးပါးဖြစ်နေတာ။ အထဲမှာပိတ်မိနေသူတွေကို ကယ်ဆယ်နေတုန်းပဲရှိသေးတာ။ ဒီနေ့မနက် ၂ နာရီကျော်လောက်ကထပ်လှုပ်တာ။ တစ်ချက်တည်း ဆောင့်ဆွဲသလို လှုပ်ခါလိုက်တာ။ အဲဒီမှာပြိုကျသွားတာ။ အထဲမှာ ၂၀ ကျော်လောက်တော့ရှိသေးတယ်။ အသက်ရှင်လျက်တော့မရှိတော့ဘူး။ Dead Body တွေသယ်ထုတ်နေတာ” လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။
ပြင်းထန်ငလျင်ဒဏ်ကြောင့် ပျိုကျပျက်စီးနေတဲ့ Win Star Hotel ကို ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁)ရပ်ကွက်၊ ၁၀၂ လမ်းနှင့် ၁၀၇ လမ်းကြား၊ ၇၃ လမ်းရှိ မင်္ဂလာမန်းလေး ဟိုတယ်မှာ အခြေပြုနေတဲ့ တရုတ်နိုင်ငံ China Search and Resuce၊ Blue Sky Resuce Teamမှ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် Mr. Kyauk Me ဦးဆောင်သော ၈၂ ဦးအဖွဲ့က ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၀ ဦးနဲ့ ဟိုတယ်အောက်မှာ ကျန်ရှိနေတဲ့ ဟိုတယ်ဝန်ထမ်းနဲ့ ဧည်သည် ၂၀ ကျော်ကို ကယ်ထုတ်နေတာဖြစ်ပါတယ်။