မန္တလေးမြို့ ဦးလှသိန်းဗိမာန်ပြိုကျမှု သေဆုံးသူ စာဖြေသံဃာအပါး ၈၀ ကျော်အထိရှိလာတယ်လို့ မြေပြင် သတင်းတွေအရ သိရပါတယ်။
မြေငလျင်လူပ်ခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် မန္တလေးမြို့ ဦးလှသိန်းဗိမာန် အဆောက်အဦးအတွင်း စာဖြေသံဃာ အပါး (၆၀၀)ကျော်လောက်ရှိခဲ့ပြီး မြေငလျင်လူပ်ခဲ့မှုကြောင့် အဆောက်အဦး ညာဘက်အခြမ်း တစ်ခြမ်းလုံးပြုကျခဲ့တာဖြစ်တယ်လို့ ဗိမာန်ပြိုကျရာကလွတ်လာတဲ့ သံဃာတစ်ပါးမှ လူမှုကွန်ရက်မှာ အသိပေး ထားပါတယ်။
ဖြစ်စဉ်အတွင်း စာဖြေ သံဃာအပါး(၈၀) ကျော်ခန့် သေဆုံးခဲ့ကြောင်းနဲ့ သေဆုံးသွားတဲ့ သံဃံာတော်တွေ စာရင်းကိုမသိရသေးဘူးလို့လည်း သူကဆိုပါတယ်။
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)က ထုတ်ပြန်မှုအရ ဦးလှသိန်းဗိမာန်တွင် သံဃာတော် ၂၀၀ ကျော် စာမေးပွဲဖြေဆိုနေစဉ် ငလျင်လှုပ်မှုကြောင့် ဗိမာန်မှာ ပြိုကျခဲ့ပြီး ပိတ်မိနေသာ သံဃာအပါး ၁၀၀ ကျော် ပိတ်မိနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပုံစာ (ငလျင်လှုပ်မှုကြောင့် မန္တလေးမြို့ ဦးလှသိန်းဗိမာန် အဆောက်အဦးပြိုကျခဲ့မှုများ)
ဓာတ်ပုံ- cj