Homeပြည်တွင်းသတင်းမန္တလေးမြို့မှာ အမျိုးသမီးနှစ်ဦးကို တူနဲ့ရိုက်သတ်ခဲ့တဲ့ ကျူးလွန်သူအလယ်တန်းပြဆရာမကို ဖမ်းမိ

မန္တလေးမြို့မှာ အမျိုးသမီးနှစ်ဦးကို တူနဲ့ရိုက်သတ်ခဲ့တဲ့ ကျူးလွန်သူအလယ်တန်းပြဆရာမကို ဖမ်းမိ

၂၈ အောက်တိုဘာ ၂၀၂၅

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ သက်ကြီးပိုင်းအမျိုးသမီးတဦးအပါ အ မျိုးသမီးနှစ်ဦးကို တူနဲ့ရိုက် သတ်ခဲ့တဲ့ ကျုးလွန်သူ အလယ်တန်းပြဆရာမကို ဖမ်းမိရမိပြီလို့ သိရပါတယ်။

ကျုးလွန်တဲ့ အမျိုးသမီးဟာ သေဆုံးသူရဲ့ တူမတော်စပ်သူဖြစ်ပြီး ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၃) အမှတ်(၄) အခြေ ခံပညာအလယ်တန်းကျောင်း တွဲဘက် တာဝန်ထမ်းဆောင်နေတဲ့ အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးထွန်းဆိုသူဖြစ်တယ်လို့ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

သူမဟာ အခင်းဖြစ်ပြီး နောက်တရက်

အောက်တိုဘာ ၂၆ ရက် ညနေ ၅ နာရီကျော်အချိန် အခင်းဖြစ်နေအိမ်ကို ပြန် လည်ရောက်ရှိလာစဉ်မှာ ဖမ်းဆီးရမိခဲ့တာပါ။

စစ်ဆေးချက်အရ ဒေါ်စိုးစိုးထွန်းဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လခန့်ကစပြီး နွားထိုးကြီးမြို့နယ်ကနေ ယာယီနေရပ်စွန့်ခွာလာပြီး‌နောက်မှာ ပြင်ဦးလွင်မြို့မှာ အိမ်ငှားရမ်းနေထိုင်ခဲ့ရတာကြောင့် ငွေကြေး အခက်အခဲများစွာရှိခဲ့ကြောင်း ၂၀၂၅ ဇူလိုင်လမှာ အဒေါ်တော်စပ်သူ ဒေါ်ခင်စိုးမြင့်က မန္တလေးမြို့၊ မြို့သစ်(၅)ရပ်ကွက်က နေအိမ်ကိုရောင်းချတာကို သိရှိရတဲ့အတွက် ငွေချေးယူခဲ့ရာမှာ ဒေါ်ခင်စိုးမြင့်က အိမ်ရောင်းရငွေ အကျေအလည် ရရှိပါက စီစဉ်ပေးမယ်လို့ ပြောကြားခဲ့ပြီး ငွေအကျေအလည်ရရှိပြီး အခင်းဖြစ်ပွားခဲ့တဲ့ နေအိမ်ကို ပြန်လည်ဝယ်ယူပြောင်း ရွှေ့နေထိုင်ခဲ့ပေမယ့် သူမရဲ့အခက်အခဲကိုဖြေရှင်းပေးတာမရှိတာကြောင့် အခုလို တူနဲ့ရိုက်သတ်ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။

အဲ့ဒီနောက် သေဆုံးသူ ဒေါ်ခင်စိုးမြင့် အိပ်ခန်းအတွင်းက သံသေတ္တာထဲမှာထားတဲ့ “အောင်သမာဓိ”တံဆိပ်ပါ ရွှေ ၁၀ ကျပ်သားတုံး တစ်တုံး၊ အိပ်ယာပေါ်က ကျပ်သိန်း ၁၀၀ ကို ယူဆောင်ပြီး ပြင်ဦးလွင်မြို့သို့ ပြန်လာခဲ့ကြောင်း၊ အောက် တိုဘာ ၂၆ ရက်မှာ ဒေါ်ခင်စိုးမြင့် နေအိမ်က ယူဆောင်လာတဲ့ ရွှေတုံးကို ရောင်းချပြီး ချေးငှားထားတဲ့ငွေကြေးတွေကို ပြန် လည်ပေးဆပ်ခဲတယ်လို့ ဖြောင့်ချက်ပေးခဲ့တာပါ။

ဒါကြောင့် တူနဲ့ရိုက်သတ်ခဲ့တဲ့ ဒေါ်စိုးစိုးထွန်းကို ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၁၁) နယ်မြေရဲစခန်း (ပ) ၁၈၉/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်ဟာချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ လမ်း ၇၀ (အေ)၊ ၁၀၇ လမ်းနှင့် ၁၀၈ လမ်းကြားက အိမ်အမှတ် (၁၇၂)နေအိမ်မှာဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တခုဖြစ်ပြီး၊ အသတ်ခံရသူနှစ်ဦးဟာ အသက် ၈၄ နှစ်အရွယ် အငြိမ်စားစာကြည့်တိုက်မှူး ဒေါ်ခင်စိုးမြင့်နဲ့ တူမတော်စပ်သူ အ သက် ၃၆နှစ်အရွယ် မအေးအေးခိုင်ဆိုသူတို့ဘဲဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး