မန္တလေးမြို့မှာ ဒီကနေ့ အောက်တိုဘာ ၃ ရက်က ရွေးကောက်ပွဲအတု ဆန့်ကျင်ရေးတခုကို သပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သပိတ်ဆင်နွှဲတာကို ဒေါက်တာတေဇာဆန်းက သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပြန်လည်မျှဝေထားပြီး ၊ “ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက်မဲမပေးနဲ့ သပိတ်မှောက်” လို့ ဆိုထားပါတယ်။
“ပြည်သူ့တော်လှန်ရေးကြီးမှာ ပြည်သူသာလျှင် အဓိကပါ။ ပြည်သူလူထု ထောက်ခံပါဝင်နေသရွေ့ ဒီတော်လှန်ရေးက ရှေ့ကို ဦးတည်ရှေးရှုနေမှာပါပဲ။ ပြည်သူအားလုံးအနေနဲ့လည်း အာဏာရူးစစ်အုပ်စုကို “ငုံ့မခံဘဲ” ရရာနည်းနာနည်းလမ်းအစုံနဲ့ “တုံ့ပြန်” နေကြဖို့ လိုအပ်ပါတယ်။”လို့ ဒေါက်တာတေဇာဆန်းက ရေးသားမျှဝေထားပါတယ်။
ဒါ့အပြင် ရက်စက်ယုတ်မာတဲ့ စစ်အာ ဏာရှင်ကို ဆက်လက် တွန်းလှန်ကြရင်း ပြည်သူမှ ပြည်သူသို့ အပြန်အလှန် ဖေးကူကြရင်း ဒီတော်လှန်ခရီးကြမ်းကို အတူဆက်လက် ချီတက်ကြပါစို့လို့လည်း တိုက်တွန်းထားတာတွေ့ရပါတယ်။
ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြတဲ့ လှုံ့ ဆော်စာ တွေကြဲတာနဲ့ ဆန္ဒထုတ်ဖော်တာကို မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်မှာ မန္တလေးသပိတ် ကော် မတီကပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်အပါအဝင် မြို့ပြအချို့မှာ စစ်ကော်မရှင်ခန့် ရပ် ကွက်အုပ်ချုပ်ရေးရုံးအပါ စစ်တပ်လုံ ခြုံရေးယူထားတဲ့နေရာအချို့ကို ဗုံးခွဲတိုက် ခိုက်တာတွေ ခပ်စိတ်စိတ်ပြုလုပ်လာတာကိုလည်း တွေ့မြင်ရပါတယ်။
ဓာတ်ပုံ -Tayzar San


