Homeပြည်တွင်းသတင်းမန္တလေးမြို့ပေါ် မှာ တိုက်ပွဲမဖြစ်ဖို့ စစ်အုပ်စုဦးဆောင်ပြီး ပျူ၊ သွေးသောက်နဲ့ သင်္ကန်းဝတ်တွေဆန္ဒပြ

မန္တလေးမြို့ပေါ် မှာ တိုက်ပွဲမဖြစ်ဖို့ စစ်အုပ်စုဦးဆောင်ပြီး ပျူ၊ သွေးသောက်နဲ့ သင်္ကန်းဝတ်တွေဆန္ဒပြ

၂၉ ဩဂုတ်၊ ၂၀၂၄

မန္တလေးမြို့ပေါ် မှာ တိုက်ပွဲတွေ မဖြစ်ပွားစေရေးအတွက် စစ်အုပ်စု ဦးဆောင်ပြီး ပျူ၊ သွေးသောက်နဲ့ သင်္ကန်းဝတ်တွေက ဒီနေ့ ဩဂုတ်လ(၂၉)ရက် နေ့လည်ပိုင်းမှာ မန္တလေးတောင်ခြေ၊ ကျုံးပတ်လည်နဲ့ ကမ်းနားလမ်းမှာ ချီတက်ဆန္ဒပြခဲ့တယ်လို့ စစ်အုပ်စုလော်ဘီ တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြပါ တယ်။

မန္တလေးတိုင်းထဲက စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မိုးကုတ်မြို့တွေကို တော်လှန်ရေးတပ်တွေက သိမ်းပိုက် ထားပြီး မန္တလေးမြို့နဲ့ ထိစပ်နေတဲ့ မတ္တရာနဲ့ ပုသိမ်ကြီးနယ်ထဲထိ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

မန္တလေးမြို့ပေါ်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရောက်ရှိနေတဲ့ ဩဂုတ်လ ၂၅ ရက်မှာ သပိတ် ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်လိုက်ပါတယ်။

တိုက်ပွဲတွေ မန္တလေးမြို့နဲ့ နီးကပ်လာတဲ့အတွက် စစ်အုပ်စုက နန်းမြို့ရိုးပေါ် သဲအိတ်ကာတာ၊ ကျုံးရေ မခမ်းအောင် အများပြည်သူသုံးတဲ့ရေတွေကို ကျုံးထဲဖြည့်တာ အပါအဝင် မန္တလေးမြို့ပေါ်မှာ အကြီး အကျယ် ခံစစ်ပြင်နေပြီး မြို့ပေါ်ကို တိုက်ပွဲတွေ မဖြစ်အောင် ဝိုင်းဝန်းတားဆီးပေးကြဖို့ တောင်းဆိုဆန္ဒ ပြတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ဇူလိုင်လတုန်းက မန္တလေးတိုင်းကို လေကြောင်းက ၁၆ ကြိမ်ထက်မနည်း ဗုံးကြဲချခဲ့ပြီး သေဆုံးသူဦးရေ ၃၀ ထက်မနည်းနဲ့ ဘယ်သူမှန်း အတည်မပြုနိုင်တဲ့သေဆုံးသူ ၂၀ ဦးထက်မနည်း စုစုပေါင်း လူဦးရေ ၅၀ ဝန်းကျင်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းအတွင်းမှာ စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုဟာ ၂၁ မှုထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

ပုံစာ-(မန္တလေးမြို့ပေါ် တိုက်ပွဲမဖြစ်စေဖို့ ချီတက်ဆန္ဒပြတဲ့ စစ်အုပ်စုလက်အောက်ခံများ)

Photo – စစ်အုပ်စုတယ်လီဂရမ်ချန်နယ်

ဆက်စပ် သတင်းများ

Most read