ဇူလိုင်လ ၂၈ ရက် မနက် ၁နာရီမတိုင်ခင်အချိန်ခန့် က မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ ဒသမ ၇ အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ပြည်သူများအထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။
အဲ့ဒီ ငလျင်ဟာ စစ်ကိုင်းငလျှင်ကြီး ၄လပြည့်တဲ့နေ့မှာ လှုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် ဇူလိုင်လ ၂၈ ရက်နေ့အထိ ၄ လပြည့်အတွင်း ငလျင်ပေါင်း ၂၁၄ ကြိမ် လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါတယ်။


