Homeပြည်တွင်းသတင်းမန္တလေးတိုင်း နွားထိုးကြီး၊ မြင်းခြံ နဲ့ တောင်သာတို့မှာ တိုက်ပွဲတွေဖြစ်ပွားနေ

မန္တလေးတိုင်း နွားထိုးကြီး၊ မြင်းခြံ နဲ့ တောင်သာတို့မှာ တိုက်ပွဲတွေဖြစ်ပွားနေ

၁၀ ဩဂုတ်၊ ၂၀၂၄

မန္တလေး တိုင်း နွားထိုးကြီးမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်နေတယ်လို့ ဒေသခံ တဦးက New Day Myanmar ကို အတည်ပြုပြောဆိုပါတယ်။

နွားထိုးကြီးမြို့နယ်မှာ ဩဂုတ်လ ၉ ရက် ညနေပိုင်းက စပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး ဒီနေ့ ဩဂုတ် ၁၀ ရက် မွန်းလွဲပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။

လက်ရှိမှာတော့ နွားထိုးကြီး အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ ၊ ရဲစခန်းကို PDF တွေ သိမ်းပိုက်ထားပြီး မြို့ကိုလည်း ပတ်ပတ်လည်က ပိတ်ဆိုထားလိုက်ပြီဖြစ်တယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။

“တိုက်ပွဲက ပြင်းထန်နေတယ်၊ လေကြောင်းကနေ ဗုံးနဲ့ လာလာကျဲတယ်။”လို့ နွားထိုးကြီးဒေသခံ တဦးက New Day Myanmar ကိုပြောပါတယ်။

နွားထိုးကြီးအပြင်မန္တလေး တိုင်းထဲက မြင်းခြံ နဲ့ တောင်သာမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အဲ့ဒီဒေသတ၀ိုက်က လမ်းတွေကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့တွေက ပိတ်ဆို့ထားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ (၂၀၂၄ ဇူလိုင် ၃၀ ရက်ကနွားထိုးကြီး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ လမ်းလုံခြုံရေး ဆောင်ရွက်စဥ်)

ဆက်စပ် သတင်းများ

Most read