Homeပြည်တွင်းသတင်းမန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမောင်ကို ပိုင်ဆိုင်တဲ့ ရွှေတွင်းကို MDY-PDF ဝင်ရောက်စီးနင်းကြောင်း သတင်းထွက်နေ

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမောင်ကို ပိုင်ဆိုင်တဲ့ ရွှေတွင်းကို MDY-PDF ဝင်ရောက်စီးနင်းကြောင်း သတင်းထွက်နေ

၉ ဩဂုတ်၊ ၂၀၂၄

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမောင်ကို ပိုင်ဆိုင်တဲ့ ဖယောင်းတောင် ရွှေတွင်းကို ပြည်သူ့ကာကွယ် ရေးတပ်မတော်-မန္တလေး (MDY-PDF)က ဝင်ရောက်စီးနင်းလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာရှိတဲ့ ဧက ၅၀၀၀ ကျော် ကျယ်ဝန်းတဲ့ ဖယောင်းတောင်ရွှေတွင်းဟာ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမောင်ကိုပိုင်ဆိုင်တဲ့ အကြီးစား ရွှေတူးဖော်ရေးလုပ်ငန်း ဖြစ်ပါတယ်။

ဒီရွှေတွင်းကို စစ်ကောင်စီလက်အောက်ခံ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် ဦးမောင်ကိုပိုင် Myanmar Golden Point Family ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်နေတာဖြစ်ပြီး မန္တလေးမြို့ရဲ့ အရှေ့မြောက်ဘက် ၁၄မိုင်အကွာမှာ တည်ရှိပါတယ်။ ဧက ၅,၄၀၀ ကျယ်ဝန်းပြီး ရွှေနဲ့ သတ္ထုရောရာ စုစုပေါင်း ခန့်မှန်းခြေ သတ္တုတန်ချိန် တန် ၄၇,၀၀၀ ထိ ထွက်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ပုသိမ်ကြီးမြို့နယ်က တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ခုဖြစ်သော Alpha ဘိလပ်မြေစက်ရုံကိုလည်း MDY PDF က ဇူလိုင်လလယ်က ဝင်ရောက်သိမ်းပိုက်ထားပါတယ်။

အခု ဖယောင်းတောင်ရွှေတွင်းကို PDF တွေက ဒရုန်းနဲ့ ဗုံးသီးချပြီးနောက်မှာ အင်အား ၃၀ ဝန်းကျင်နဲ့ ဝင်ရောက် တိုက် ခိုက်ခဲ့တာ ဖြစ်ပြီး စောင့်ကြပ်နေတဲ့ စစ်ကောင်စီတပ်တွေက ထွက်ပြေးသွားတယ်လို့ သတင်းတွေအရ သိရပါတယ်။

MDY PDF ဘက်က ဖယောင်းတောင်ရွှေတွင်းကို သိမ်းပိုက်ထားတဲ့ သတင်းကို အခုထိ အတည်ပြု ထုတ်ပြန်ကြေညာတာမျိုး မရှိသေးပါဘူး။

ဆက်စပ် သတင်းများ

Most read