Homeပြည်တွင်းသတင်းမန္တလေးစွယ်တော်ကား စစ်ဆေးရေးကွင်းမှာ ကုန်တင်ကားတွေထောင်ချီပိတ်မိ‌နေတဲ့အပေါ် ယာဉ်မောင်းတွေ ဆန္ဒပြ

မန္တလေးစွယ်တော်ကား စစ်ဆေးရေးကွင်းမှာ ကုန်တင်ကားတွေထောင်ချီပိတ်မိ‌နေတဲ့အပေါ် ယာဉ်မောင်းတွေ ဆန္ဒပြ

၁၉ စက်တင်ဘာ ၂၀၂၅

မန္တလေးစွယ်တော်ကားကြီးစစ်ဆေးရေးကွင်းမှာ ကုန်တင်ကားတွေ ထောင်ချီပိတ်မိ‌နေတဲ့အပေါ် စက်တင်ဘာ ၁၅ ရက်က ယာဉ်မောင်းတွေ ဟွန်းတီး ဆန္ဒပြဖော် ထုတ်ခဲ့ကြတယ်လို့ အဲဒီကားကြီးကွင်းကနေ ပြန်လည်ထွက်ခွင့်ရခဲ့တဲ့ ယာဉ်မောင်းတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

“ကုန်ကားတွေ စစ်ဆေးဖို့တခါစောင့်ရ ပြီးတော့ ထွက်ဖို့တန်းစီရတာနဲ့ ၁၅ ရက်လောက်ကြာတယ်။ စစ်တာကိုကြာတာ။ ပြောချင်တာကဗျာ ငွေတောင်းတာဘဲ ပေးနိုင်တဲ့ ကားက ထွက်ခွာခွင့်အရင်ကျတယ်။ မြန်မာနိုင်ငံမှာက သိတဲ့အတိုင်း ကမပေးနိုင်ရင် စောင့်ဘဲ။ ဒီလိုဆိုတော့ ကျွန်တော်တို့လို မှန်မှန်ကန်ကန်လုပ်တဲ့သူတွေနောက်ကျန်ခဲ့တာဘဲ”လို့ အဲဒီယာဥ်မောင်းက ဆိုပါတယ်။

အဲဒီဆန္ဒပြမှုမှာ ယာဉ်မောင်းတွေအားလုံးဟွန်းတီးဆန္ဒပြခဲ့ကြပေမဲ့ မြန်မြန်ဆန်ဆန်စိစစ်ဆောင်ရွက်မလာဘဲ အရင်တိုင်ကြန့်ကြာနေဆဲဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ရွှေကြက်ယက်(ဇက်ဆိပ်)၊ရတနာပုံတံတား(စစ်ကိုင်းတံတား) ကနေ ဖြတ်သန်းသွားလာမယ့် ၁၅တန်နဲြအထက်ကုန်တင်ယာဉ်တွေကိုဇူလိုင်လ ၂၁ ရက်ကနေစတင်က စစ်ဆေးရေးလုပ် ငန်းအဖွဲ့က ပြည်ကြီးမင်္ဂလာ(စွယ်တော်ကားကြီးကွင်း)မှာ စိစစ်ခွင့်ပြုသွားမယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါအပြင် စစ်ကော်မရှင်ဟာ အိမ်စီးကားနဲ့ ယာဉ်ငယ်တွေကိုလည်း ရွှေကြပ်ယက်ဇက်ဆိပ်နဲ့ စစ်ကိုင်းတံတားဂိတ်တို့မှာ စစ်ဆေးနေပြီး၊ ကန့်သတ်ကုန်တင်ဆောင်လာရင် ဖြတ်သန်းခွင့်မပြုဘဲ ရပ်ခိုင်းထားတာတွေလည်း ရှိနေတယ်လို့ အဲဒီယာဉ်မောင်းကဖြည့်စွတ်ပြောပါတယ်။

“ပေးလိုက်တဲ့လုပ်ပိုင်ခွင့်ကို အပြည့်အဝ တာဝန်ကျေအောင်လုပ်တာမဟုတ်ဘူး၊ အပြည့်အဝကို အခွင့်ရေးယူနေကြတာ”လို သူကမှတ်ချက်ပြုပါတယ်။

ဓာတ်ပုံ – CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး