မန္တလေးမှာ JLPT စာမေးပွဲကျင်းပမယ့် တက္ကသိုလ်နဲ့ ကျောင်းတွေဟာ ငလျင်ကြောင့် ပျက်စီးခဲ့တဲ့အတွက်နေရာပြောင်းရွှေ့ကျင်းပသွားမယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှာ JLPT စာမေးပွဲကို ကျင်းပပြုလုပ်ဖို့အခက်အခဲတွေရှိတဲ့အတွက်မန္တလေးစာဖြေဌာနအတွက် လျှောက်ထားခဲ့တဲ့စာဖြေသူတွေကို ရန်ကုန်စာဖြေဌာနမှာပြောင်းရွှေ့ဖြေဆိုနိုင်ဖို့ စီစဉ်သွားမယ်လို့ ဆိုပါတယ်။
Level အားလုံးအတွက် ရန်ကုန်မြို့မှာပြောင်းလဲ ဖြေဆိုသွားရမှာဖြစ်ပြီး ဖြေဆိုရန်အခက်အခဲရှိပါကစာမေးပွဲလျှောက်ထားမှုကိုပယ်ဖျက်နိုင်သလိုစာမေးပွဲကြေးကိုလည်း ပြန်လည်ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။
ဖြေဆိုဖို့အခက်အခဲရှိတဲ့သူတွေအနေနဲ့ စာမေးပွဲလျှောက်ထားမှုကို ပယ်ဖျက်လိုပါက ဧပြီ ၂၅ ရက်ကနေ မေလ ၁၂ ရက်နေ့ (ညနေ ၄ နာရီ) အတွင်း စာရင်းပေးသွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ – ရန်ကုန်တက္ကသိုလ်တွင် ဂျပန်အရည်အချင်းစစ်စာမေးပွဲဖြေဆိုရန် စောင့်ဆိုင်းနေစဉ်
ဓာတ်ပုံ – မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)