Homeပြည်တွင်းသတင်းမန္တလေးက မိုးမန္တလေးရွှေဆိုင် ဓါးပြတိုက်ခံရ

မန္တလေးက မိုးမန္တလေးရွှေဆိုင် ဓါးပြတိုက်ခံရ

၁၀ ဧပြီ၊ ၂၀၂၅

မန္တလေးမြို့၊ ၅၈ လမ်း၊ ၂၉ x ၃၀ ကြားက မိုးမန္တလေးရွှေဆိုင်ကို ဧပြီ ၁၀ ရက် နေ့လည် ၁ နာရီ ၂၅ မိနစ်အချိန်က ဓါးပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ မန္တလေး ဒေသခံတွေက ကိုပြောပါတယ်။

“လူတိုင်းက ဒုက္ခတွေနဲ့ကို ။ အဲဒါကို အလစ်ချောင်းတဲ့သူတွေကလည်းရှိသေးတယ်။ ပိဿာချိန် တော်တော်များများ‌ပါသွားတယ်။ အတိအကျမသိရဘူး” လို့ မန္တလေးဒေသခံ တဦးကဆိုပါတယ်။

ဒေသခံတွေဟာ ငလျင်ဘေးစိတ်ပူနေရချိန် ခိုးဆိုး၊ လု၊ နှိုက်များက အလစ်ချောင်းပြီးဒုစရိုက်မှု‌တွေကို ယခင်ထက် ပေါ်ပေါ်တင်တင်ပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓါတ်ပုံ – မိုးမန္တလေး Facebook စာမျက်နှာ

ဆက်စပ် သတင်းများ

Most read