Homeပြည်တွင်းသတင်းမန္တလေးက တရုတ်ကောင်စစ်ဝန်ချုပ်ရုံး လက်ပစ်ဗုံးနဲ့ အပစ်ခံရ

မန္တလေးက တရုတ်ကောင်စစ်ဝန်ချုပ်ရုံး လက်ပစ်ဗုံးနဲ့ အပစ်ခံရ

၁၉ အောက်တိုဘာ၊၂၀၂၄

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်၊ ၇၃လမ်းနဲ့ သဇင်လမ်း ထောင့်က တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို အောက်တိုဘာလ ၁၈ ရက် ညနေ ၆နာရီဝန်းကျင်ခန့်က လက်ပစ်ဗုံးနဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။

“တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှာ ပေါက်ကွဲမှုဖြစ်သွားတယ်ဆိုတာ ဟုတ်ပါတယ်။ ကောင်စစ်ဝန်ချုပ်ရုံးအပြင်ဘက် လမ်းပေါ်ကနေ ပစ်သွားတာပါ။ “လို့ ချမ်းမြ သာစည်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

အဲ့ဒီ ဗုံးနဲ့ ပစ်ခတ်မှုမှာ ဗုံးက ခေါင်မိုးပေါ်ကို ကျရောက်ခဲ့တယ်လို့ သိရပြီး ထိခိုက်ဒဏ်ရာ ရမှုတွေရှိလား ဆိုတာကိုတော့ အသေးစိတ်မသိရသေးဘူးလို့ သူကပြောပါတယ်။ အဆိုပါပစ်ခတ်မှုကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ က ပြုလုပ်တာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် New Day Myanmar က သီးခြားအတည်ုပြုနိုင်တာ မရှိပါဘူး။

တရုတ်ကောင်စစ်ဝန်ချုပ်ရုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တရုတ်သံရုံးနဲ့ စစ်ကောင်စီတို့က သတင်းထုတ်ပြန်ထားတာလည်း မရှိသေးပါဘူး။

ပုံစာ – ၂၀၂၁ ခုနှစ်က မန္တလေးက တရုတ် ကောင်စစ်ဝန်ချုပ်ရုံးရှေ့မှာပြည်သူအချို့ ဆန္ဒဖော်ထုတ်စဥ်(ပုံဟောင်း)

ပုံ – CJ

ဆက်စပ် သတင်းများ

Most read