Homeပြည်တွင်းသတင်းမတ္တရာ၊စဉ့်ကူး၊သပိတ်ကျင်းမြို့နယ် တွေမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၅ ရက်အတွင်း အရပ်သား ၇၂ ဦးသေဆုံး

မတ္တရာ၊စဉ့်ကူး၊သပိတ်ကျင်းမြို့နယ် တွေမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၅ ရက်အတွင်း အရပ်သား ၇၂ ဦးသေဆုံး

၁၇ မေ၊ ၂၀၂၅

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မတ္တရာ၊ စဉ့်ကူး၊သပိတ်ကျင်းမြို့နယ် တွေမှာ မေလ ၁ ရက်နေ့က ၁၅ ရက်နေ့အထိ အပြစ်မဲ့ပြည်သူ (၇၂) ဦး သေဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

အဆိုပါမြို့နယ်တွေကို စစ်ကောင်စီက ၁၅ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း (၅၇) လုပ်ဆောင်ခဲ့ ကြောင်းနဲ့ တိုက်ခိုက်မှုတွေအတွင်း ဒဏ်ရာရရှိသူ (၁၄၁) ဦးအထိ ရှိထားတယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီသည် အရပ်ဖက်ပစ်မှတ်တွေအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွေကို ယခု ကာလ အတွင်း ပိုမိုပြင်းထန် ဆိုးရွားစွာ ဆက်တိုက်ဆောင်ရွက်လျက်ရှိတယ်လို့လည်း အသိပေးထားပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလ (၁) ရက်ကနေ ဧပြီလ (၁၉) ရက်နေ့အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကို သပိတ်ကျင်းမြို့နယ်တွင် (၁၃) ကြိမ်၊ စဥ့်ကူးမြို့နယ်တွင် (၄) ကြိမ်၊ မတ္တရာမြို့နယ်တွင် (၁) ကြိမ် ကျူးလွန်ခဲ့ကြောင်းနဲ့ အဆိုပါတိုက်ခိုက်မှုတွေအတွင်း အဆိုပါမြို့နယ် ၃ ခုမှ အရပ်သားပြည်သူ (၄၁) ဦး သေဆုံးခဲ့ပြီး (၅၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဆက်လက်ပြီး အဆိုပါတိုက်မှုတွေအတွင်း စာသင်ကျောင်း (၁) ကျောင်း အပါအဝင် လူနေအိမ်ခြေပေါင်း (၅၄) လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – MDY(PDF)

ဆက်စပ် သတင်းများ

Most read