Homeပြည်တွင်းသတင်းမတ္တရာမှာ စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို ကိုရင်တစ်ပါးပျံလွန်တော်မူပြီး ကလေး ၂ ဦးသေဆုံး

မတ္တရာမှာ စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို ကိုရင်တစ်ပါးပျံလွန်တော်မူပြီး ကလေး ၂ ဦးသေဆုံး

၂၈ နိုဝင်ဘာ ၊၂၀၂၄

မန္တလေးတိုင်း မတ္တရာမြိုနယ် လက္ကောင်းကြီးကျေးရွာအုပ်စု ၊ လက္ကောင်းကြီးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုရင်တစ်ပါးပျံလွန်တော်မူပြီး အမျိုးသမီး ကလေးငယ် ၂ ဦးသေဆုံးခဲ့တယ်လို သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက် မနက် ၉ နာရီ ၁၅ မိနစ်အချိန်ခန့်က လက္ကောင်းကြီးရွာရဲ့ ဓမ္မာရုံကို စစ်ကောင်စီက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ ကိုရင်တစ်ပါးနဲ့ အမျိုးသမီးငယ် ၂ ဦး သေဆုံးခဲ့တယ်လို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY PDF က ထုတ်ပြန်အသိပေးထားပါတယ်။

စစ်ကောင်စီတပ်ဘက်က နိုဝင်ဘာလလယ်ပိုင်းကစပြီး မတ္တရာမြိုနယ် အနောက်ခြမ်းနဲ့ အနောက်မြောက်ခြမ်းကို အဓိကပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်မှု၊ မြေပြင်စစ်ကြောင်းထိုးမှု၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်သင်္ဘော တွေပေါ်ကလက်နက်ကြီးပစ်ခတ်မှုနဲ့ အခုနောက်ဆုံးမှာ ဒရုန်းတွေပါသုံးစွဲပြီးတိုက်ခိုက် လာနေတာဖြစ် တယ်လို့ လည်း ဆိုပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း သပိတ်ကျင်းမြိုနယ် တွင်းငယ်ရွာအနီးရှိ စစ်ကောင်စီရဲ့ တန်းမြင့်လေ့ကျင်း ရေးကျောင်း အမှတ်-၁၃ တပ်အနီးနဲ့ ၇ မိုင်တပ်စခန်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို သိရပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ရှုံးလာတာနဲ့အမျှ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်တယ်လို မန္တလေး PDF က ဖော်ပြထားပါတယ်။

အခုလိုစစ်ကောင်စီရဲ့ကျေးရွာတွေကိုဦးတည်ပြီး တိုက်ခိုက်မှုတွေ၊ မီးရှိဖျက်ဆီး လုယက်မှုတွေကြောင့် မတ္တရာမြိုနယ် ဒေသတစ်ခုလုံးကပြည်သူ ၃၅၀၀၀ ကျော်ဟာဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင် နေရတယ်လို့လည်း သိရပါတယ်။

Photo – MDY-PDF

ဆက်စပ် သတင်းများ

Most read