Homeပြည်တွင်းသတင်းမတ္တရာမြို့နယ် ၊ ဆည်တော်ကြီးရေလှောင်တမံကို ပုံမှန်ရေထိန်းအမှတ်အတိုင်း ထိန်းသိမ်းထားကြောင်း MDY-PDF အသိပေး

မတ္တရာမြို့နယ် ၊ ဆည်တော်ကြီးရေလှောင်တမံကို ပုံမှန်ရေထိန်းအမှတ်အတိုင်း ထိန်းသိမ်းထားကြောင်း MDY-PDF အသိပေး

၁၆ စက်တင်ဘာ၊ ၂၀၂၄

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) – MDY PDF ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့

မတ္တရာမြို့နယ်က ဆည်တော်ကြီးရေလှောင်တမံကို ပုံမှန်ရေထိန်းအမှတ်အတိုင်း ထိန်းသိမ်းထားတယ်လို့ စက်တင်ဘာလ ၁၅ ရက်က ထုတ်ပြန်ကြေညာပါတယ်။

ဆည်တော်ကြီးရေလှောင်တမံရဲ့ ကန်ရေပြည့်အမှတ်ဟာ ၄၂၀ပေ ဖြစ်ပြီး ပုံမှန်ရေထိန်းအမှတ်ကို ၄၁၅ပေ နဲ့ ထိန်းသိမ်းလည်ပတ်လျက်ရှိတယ်လို့ ဆိုပါတယ်။ စက်တင်ဘာလ (၁၅)ရက် မနေ့က တိုင်းထွာချက်အရ ဆည်တော်ကြီးရေလှောင်တမံရဲ့လက်ရှိကန်ရေပြင်အမှတ်မှာ (၃၈၅)ပေလို့ ဖော်ပြပါတယ်။

ပြည်သူတွေအနေနဲ့ ဆည်တော်ကြီးရေလှောင်တမံနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှု မဖြစ်စေဖို့ နဲ့ ပြည်သူတွေ ဘေးအန္တရာယ်မဖြစ်စေဖို့ စနစ်တကျ စောင့်ကြည့်လည်ပတ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အသိပေးချက် ထုတ်ပြန်ကြေညာထားပါတယ်။

Photo – ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) – MDY PDF

ဆက်စပ် သတင်းများ

Most read