Homeပြည်တွင်းသတင်းမတ္တရာမြို့နယ် ထန်းတောကုန်းရွာမှာ စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် နှစ်ဦးသေဆုံး၊ လူ သုံးဦး ဒဏ်ရာရ

မတ္တရာမြို့နယ် ထန်းတောကုန်းရွာမှာ စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် နှစ်ဦးသေဆုံး၊ လူ သုံးဦး ဒဏ်ရာရ

၂၇ ဒီဇင်ဘာ၊ ၂၀၂၄

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့မြောက်ခြမ်းက ထန်းတောကုန်းရွာကို စစ်ကောင်စီဘက်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကလေးငယ် ၂ ဦး သေဆုံးခဲ့ပြီး လူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီဇင်ဘာ ၂၆ ရက် ညပိုင်းက သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၆ ရက် နေ့လယ် ၃ နာရီခွဲဝန်းကျင်မှာ ထန်းတောကုန်းရွာ၊ ဘုန်းတော်ကြီးကျောင်းအတွင်းကို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောာင့် ဘုန်းကြီးကျောင်းအတွင်းကျရောက်ပေါက်ကွဲပြီး ကလေးငယ် နှစ်ဦးသေဆုံးခဲ့ပါတယ်။

ထန်းတောကုန်းကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားခြင်းလုံးဝမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မတ္တရာမြို့နယ်ဟာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ မိုင်ပေါင်း ၂၀ ကျော်သာ ကွာဝေးပြီး မတ္တရာမြို့နယ်ထဲက ကျေးရွာတွေကို ပြည်သူ့ကာကွယ်ရေးတပ်က ထိန်းချုပ်ထားတဲ့အတွက် လူထုကို ပစ်မှတ်ထားပြီး နေ့စဉ်လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ရေကြောင်းက ပစ်ခတ်တာတွေ လုပ်နေတာလို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တွေကြား မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ် နှင့် နောင်ချိုမြို့နယ်တွေကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။ သပိတ်ကျင်းမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားတာ ၆ ရက်ရှိနေပြီလို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ကလည်း ဒီဇင်ဘာ ၂၆ ရက်က အတည်ပြုထားပါတယ်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

ဆက်စပ် သတင်းများ

Most read