Homeပြည်တွင်းသတင်းမတ္တရာမြို့နယ်ထဲက အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင် ရွှေတွင်းကို စစ်တပ်ပြန်ထိန်းချုပ်

မတ္တရာမြို့နယ်ထဲက အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင် ရွှေတွင်းကို စစ်တပ်ပြန်ထိန်းချုပ်

၂၉ ဩဂုတ် ၂၀၂၅

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင်ရွှေသတ္တုတွင်းလုပ်ငန်း နေရာတွေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ကော်မရှင်တပ်က ဩဂုတ် ၂၈ ရက်က ထုတ်ပြန်ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ထဲမှာ မတ္တရာနဲ့ သပိတ်ကျင်းကြားထဲက တော်လှန်းရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကိုပြန်တိုက်မယ်လို့လည်းဆိုပါတယ်။

သပိတ်ကျင်းမြို့ကို ဇူလိုင်လကုန်ပိုင်းမှာ စစ်တပ်က ပြန်သိမ်းခဲ့ပါတယ်။

စဉ့်ကူးမြို့ကို ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ Mdy PDF ကသိမ်းပိုက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အုပ်ချုပ်နေတာဖြစ်ပါတယ်။

MDY PDF ဟာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း မတ္တရာမြို့ရဲ့ မြောက်ဘက် ရေနံ့သာရွာတဝိုက်၊ အရှေ့ဘက်က အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင် သတ္တုတွင်းနေရာတွေကိုသိမ်းယူခဲ့တာပါ။

စစ်တပ်က တစ်နှစ်အကြာ အခုနှစ်ဇူလိုင်မှာ တန်ပြန်ထိုးစစ်ဆင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိမှာတော့ စဉ့်ကူးမြို့ဘက်ကို စစ်တပ်က စစ်ထိုးလာမယ့် အခြေအနေရှိတယ်လို့ စဉ့်ကူးဒေသခံတွေထံက သိရပါတယ်။

ဓါတ်ပုံ – CINCDS

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး