၂၄ ဇူလိုင် ၂၀၂၅
မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာ ၊
အပြင် ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာနဲ့ မြကန်သာကျေးရွာတို့ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားရာမှာ ဒု-ဗျူဟာမှူးလို့ ယူဆရသူ ဖြိုးကျော်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်(၆)ဦးရဲ့ ရုပ်အလေ-ာင်းတွေ အပြင် လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်း ဆည်းရမိခဲ့တယ်လို့ပြည်သူ့ကာကွယ် ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ထားပါတယ်။
အဲဒီအသေဖမ်းဆီးရမိတဲ့ ဒုဗျူဟာမှူးလို့ ယူဆရသူ ဖြိုးကျော်ဟာ DSA စစ် တက္ကသိုလ်အပတ်စဉ်(၅၄)ဆင်းတစ်ဦးဖြစ်တယ်လို့ဖော်ပြထားပါတယ်။
တိုက်ပွဲထူးခြားဖြစ်စဉ်အနေနဲ့ လောက်ကိုင်မီာလက်နက်ချခဲ့တဲ့ လောက်ကိုင်ဒကစလက်အောက်ခံ ခလရ(၂၃၉)တပ်ရင်းဟာ စစ်ကောင်စီရဲ့ပုသိမ်ကြီးမြို့နယ်အတွင်းတန်ပြန်ထိုးစစ်မှာ ပါဝင်လာခဲ့တယ်လို့ သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်းတွေရဲ့အမှတ်တံဆိပ်တွေအရ သိရတယ်လို့ဆိုပါတယ်။
ပုသိမ်ကြီးမြို့နယ်နှင့်မတ္တရာမြို့နယ်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လ(၂၀)ရက်နေ့မှာ ဂျက်ဖိုက်တာ (၃)ကြိမ်နဲ့ Y-12 (၁) ကြိမ် ၊ ဇူလိုင်လ (၂၁)ရက်နေ့မှာ ဂျက်ဖိုက်တာ (၄)ကြိမ် ၊ Y-12 (၃)ကြိမ်နဲ့ Mi-35 (၂)ကြိမ် ၊ ဇူလိုင်လ (၂၂)ရက်နေ့မှာ ဂျက်ဖိုက်တာ (၃)ကြိမ် ၊ Y-12 (၂) ကြိမ်နဲ့ Mi- 35(၁)ကြိမ် ၊ ဇူလိုင်လ (၂၃)ရက်နေ့မှာ ဂျက်ဖိုက်တာ (၁)ကြိမ်နဲ့ Y-12 (၁)ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထုန်ပြန်ချက်မှာဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီက တန်ပြန်ထိုး စစ်ဆင်နေပေမယ့် မိမိတို့တော်လှန်ရေးတပ်ဖွဲ့တွေက အပြည့်အဝထိန်းချုပ်ထားဆဲဖြစ်ပြီး၊ မည်သို့သော အခက်အခဲတွေဖိအားတွေရှိနေစေကာမူ မိမိတို့ရဲ့ ပန်း တိုင်ကို မမှိတ်မသုန် ဆက်လက်ချီတက်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် မတော် (မန္တလေး)က ဒီကနေ့ ဇူလိုင်၂၄ ရင်မှာ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ် မတော်(မန္တလေး)


