Homeပြည်တွင်းသတင်းမတ္တရာက စစ်ရှောင်စခန်းကို စစ်ကောင်စီလေကြောင်းနဲ့တိုက်ခိုက် အရပ်သား ၁၂ ဦး သေဆုံး

မတ္တရာက စစ်ရှောင်စခန်းကို စစ်ကောင်စီလေကြောင်းနဲ့တိုက်ခိုက် အရပ်သား ၁၂ ဦး သေဆုံး

၁၂ အောက်တိုဘာ၊၂၀၂၄

မန္တလေးတိုင်း မတ္တရာမြို့နယ် ဝေါစုကျေးရွာက စစ်ဘေးဒုက္ခသည်စခန်းလုပ်ထားတဲ့ ဘုန်းကြီးကျောင်းကို အောက်တိုဘာလ ၁၁ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သံဃာ သုံးပါးနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၂ ဦး သေဆုံးခဲ့တယ်လို့ မန္တလေး (MDY-PDF) က သတင်းထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ တိုက်ပွဲဖြစ်ပွားချင်းမရှိပဲ စစ်ဆင်ရေးနဲ့ မသက်ဆိုင်တဲ့ ပြည်သူကို အကြောင်းမဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာြဖစ်တယ်လို၌လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၂ ဦးအပြင် ၁ဝ ဦးကျော် ဒဏ်ရာရရှိခဲ့ဪေကာင်းနဲ၌ စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်လို့လည်း MDY-PDF က ထုတ်ပြန်ထားပါတယ်။

မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် တုံကုန်းရွာနဲ့ အနီးဝန်းကျင်ရွာတွေက ဒေသခံ သုံးရာလောက်ဟာ ဝေါစုကျေးရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

ပုံစာ -စစ်ကောင်စီ လေကြောင်းနဲ့ တိုက်ခဲ့သည့် မတ္တရာမြို့နယ် ဝေါစုကျေးရွာဘုန်းကြီကျောင်းနှင့် ကွယ်လွန်ခဲ့သည့် သံဃာသုံးပါး

Photo – MDY-PDF

ဆက်စပ် သတင်းများ

Most read