နိုင်ငံတော်အကြည်ညိုပျက်စီးစေမှု ၅၀၅ (က)၊ ဆက်သွယ်ရေးပုဒ်မနဒြ ဖောက်ခွဲ လက်နက်မှု စတဲ့ ပုဒ်မတွေနဲ့ မတရားဖမ်းဆီးခံထားရတဲ့ အသက်၂၉ နှစ်အ ရွယ် ကိုချမ်းမင်းဟိန်း မြင်းခြံအကျဉ်း ထောင်မှာ ကျဆုံးသွားတယ်လို့ ဒီကနေ့ အောက်တိုဘာ ၂၇ ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ထားပါတယ်။
သူဟာ ထောင်ဒဏ် ၁၅နှစ် ၆လ ချမှတ်ခံထားရသူဖြစ်ပြီး၊ အကျဉ်းထောင်အ တွင်း ကျန်းမာရေးစောင့်ရှောက်မှုမရတာကြောင့် အောက်တိုဘာလ ၁၈ရက် နေ့မှာ ထောင်တွင်းကျဆုံးခဲပြီဖြစ်တယ်လို့ ဆိုပါတယ်။
ကိုချမ်းမင်းဟိန်းဟာ မြင်းခြံအကျဉ်း ထောင်အတွင်း ဖမ်းဆီးခံနေရစဉ်မှာ ကျောက်ကပ်၊ အသဲခြောက်၊ အသဲရောင်အသားဝါရောဂါတွေဖြစ်ပွားရာကနေ ကျန်းမာရေးစောင့်ရှောက်မှုမရဘဲ ကျဆူံခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံဒေသအသီးသီးကအကျဉ်းထောင်တွေမှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ လုံလောက်တဲ့ ဆေးဝါး စောင့်ရှောက်မှုမရရှိတာ အချိန်မှီ ဆေးကုသခွင့် မရရှိတာကြောင့် မသေဆုံးသင့်ဘဲ အသက်ဆုံးရှုံးရတဲ့အခြေအနေတွေကို ရင်ဆိုင်နေကြရတယ်လို့ PPNM ကဖော်ပြထားပါတယ်။
PPNM က ပြုစုထားတဲ့ မှတ်တမ်းတွေအရ အခု ၂၀၂၅ခုနှစ် ဇန်နဝါရီလ ကနေ
အောက်တိုဘာလအထိ အကျဉ်းထောင်အသီးသီးမှာ အရေးပေါ်ဆေးကုသခွင့် မရရှိတာတွေကြောင့် ကျဆုံးခဲ့ရတဲ့ နိုင်ငံအကျဥ်းသား ၂၈ဦးအထိ ရှိနေပြီဖြစ်တယ်လို့ဖော်ပြထားပါတယ်။
ဓာတ်ပုံ-မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)


