Homeပြည်တွင်းသတင်းမတရားစစ်မှုထမ်းခံနေရတဲ့ လူငယ်တွေ ဘက်ပြောင်း ခိုလှုံလာနိုင်ဟု AA အသိပေး

မတရားစစ်မှုထမ်းခံနေရတဲ့ လူငယ်တွေ ဘက်ပြောင်း ခိုလှုံလာနိုင်ဟု AA အသိပေး

၁၆ ဇူလိုင် ၂၀၂၅

စစ်ကောင်စီတပ်မှာ အတင်းအဓမ္မစစ်သားစုဆောင်းတာကိုခံရပြီး အမျိုးမျိုးညှဉ်းပန်းနှိပ်စက်တာကိုခံနေရတဲ့ မြန်မာပြည်အနှံ့က လူငယ်တွေအနေနဲ့ အာရက္ခတပ်တော်ဆီကို ဘက်ပြောင်းလာနိုင်တယ်လို့ အာရက္ခတပ်တော်-AA က မနေ့က ဇူလိုင် ၁၅ ရက် ရက်စွဲနဲ့ အသိပေးထားပါတယ်။

အာရက္ခတပ်တော်ထံကို ဘက်ပြောင်းလိုတဲ့လူငယ်တွေဟာ မိမိတို့တပ်ရှိရာ မည်သည့် နေရာမှာမဆိုအချိန်မရွေး ဘက်ပြောင်းလာနိုင်ပြီး အလင်းဝင်ဘက်ပြောင်းလာသူတိုင်းရဲ့အသက်နဲ့ လုံခြုံ‌ ရေးကို အာရက္ခတပ်တော်က အာမခံတယ်လို့ ကတိပြုပြောကြားထားပါတယ်။

AA ရဲ့ အသိပေးချက်မှာ စစ်မှုမထမ်းမနေရ ဥပဒေကိုခုတုံးလုပ်ကာအတင်း အဓမ္မစစ်သားစုဆောင်းနေတဲ့ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့စု ဆောင်းတာကိုခံခဲ့ရတဲ့ မြန်မာပြည်အနှံ့အပြားက လူငယ်တွေဟာတိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှေ့တန်းစစ်မြေပြင်တွေကို အသီးသီး ပို့ဆောင်ခံရပြီး စစ်ကောင်စီရဲ့ စစ်အင်အားဖြည့်တင်းတဲ့ကိစ္စရပ်နဲ့ စစ်အာဏာရှင် သက်ဆိုးရှည်ဖို့ကိစ္စရပ်တွေမှာ မိမိရဲ့ စိတ်သဘောဆန္ဒမပါဘဲ အစတေးခံ၊ အဖြည့်ခံတွေအဖြစ် ပါဝင်နေကြရတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ရှေ့တန်းစစ်မြေပြင်ကိုအတင်း အဓမ္မပို့ဆောင်ခြင်းခံနေရတဲ့ စစ်ကောင်စီရဲ့တပ်သားသစ် (သို့မဟုတ်) ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်လိုစိတ်မရှိဘဲ အခွင့်ရရင် ရသလို၊ အခြေအနေပေးရင် ပေးသလို ရှေ့တန်းစစ်မြေပြင်တွေကနေ နီးစပ်ရာ တိုင်းရင်းသားလူမျိုး တော် လှန်ရေးအဖွဲ့အစည်းတွေဆီကို ဘက်ပြောင်းခိုလှုံဖို့ ကြိုးစားလာကြတာဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ပြိုင်နက်တည်းမှာဘဲ အကြမ်းဖက်စစ်ကောင်စီဟာ မြန်မာပြည်ရဲ့ နေရာအနှံ့မှာ စစ်ရှုံးနေပြီး စခန်းပေါင်းမြောက် မြားစွာကို လက်လွှတ်ဆုံးရှုံးခံထားရပြီးနောက် အဲ့ဒီစခန်းတွေ မြို့များကို ပြန် လည်သိမ်းပိုက်ဖို့ အပြင်းအထန် ကြိုးစားလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် အထိအခိုက် အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရပြီး ၎င်းတို့ရဲ့လက်ပူတိုက် သင်တန်းပေးထားတဲ့ တပ်ဖွဲ့ဝင်တွေဟာလည်း အထက်တပ်မှူးတွေရဲ့ဗိုလ်ကျအနိုင်ကျင့်တာ၊ ညှဉ်းပန်းနှိပ်စက်တာတွေကြောင့် တိုက်လိုခိုက်လိုစိတ်မရှိတော့ဘဲ နေ့စဉ်နဲ့အမျှ တပ်ကနေထွက်ပြေးလျက်ရှိနေတဲ့အပြင် အချိန်နှင့်အမျှ ထွက်ပြေးရန်လည်းကြိုးစားနေကြပြီဖြစ်တယ်လို့ ဆိုထားပါတယ်။

အခု ဇူလိုင်လ (၉)ရက်နေ့မှာအမ်း-ပဒါန်း စစ်မြေပြင်ကနေတစ်ဆင့် အာရက္ခတပ်တော်ဘက်ကို ဘက်ပြောင်းဝင်ရောက် လာတဲ့သူတွေရှိနေပြီး စစ်ကောင်စီတပ်အတွင်း ညှင်းပန်းနှိပ်စက်တာ၊ မူးယစ်ဆေးသုံးစွဲခွင့်ပြုထားတာတွေအပြင် ဘက်ပြောင်းဖို့ လုပ်ဆောင်နေတဲ့ သူတွေကို ပစ်သတ်တဲ့အထိ လုပ်ဆောင်နေတယ်လို့ ဘက်ပြောင်းလာသူတွေက ပြောကြားထားတယ်လို့ သိရပါတယ်။

ပုံစာ-အာရက္ခ တပ်တော်ဆီကို ဘက်ပြောင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ဓာတ်ပုဲ-AA

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး