Homeပြည်တွင်းသတင်းမင်္ဂလာဒုံမြို့နယ်မှာ ဆီဘောက်ဆာယာဉ်တိမ်းမှောက် မီးလောင်ရာကနေ နှစ်ဦး‌သေဆုံး

မင်္ဂလာဒုံမြို့နယ်မှာ ဆီဘောက်ဆာယာဉ်တိမ်းမှောက် မီးလောင်ရာကနေ နှစ်ဦး‌သေဆုံး

၁၁ ဒီဇင်ဘာ ၂၀၂၅

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် ဘုရားလေးလမ်းကွေ့မှတ်တိုင်အနီးမှာ ဆီဘောက်ဆာယာဉ်တိမ်းမှောက်ပြီး မီးလောင်ရာကနေ လူနှစ်ဦး‌သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ မနေ့က ဒီဇင်ဘာ ၁၀ ညပိုင်း ၁၀နာရီအချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ ဖြစ်စဉ်ဖြစ်ပွားတဲ့နေရာမှာ ရပ် နားထားတဲ့ ယာဉ်တစ်စီးကိုဝင်တိုက်မိရာက‌နေတိမ်းမှောက်ပြီး မီးလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ဒေသအခြေစိုက်လူမှုကူညီရေးအသင်းတခုဆီကနေ သိရပါတယ်။

မီးလောင် သေဆုံးခဲ့တဲ့ အမျိုးသား နှစ်ဦးဟာ ဆီဘောက်ဆာကားပေါ်ပါလာတဲ့ အမျိုးသားနှစ်ဖြစ်တယ်လို့အတည်ပြုပါတယ်။

အဲဒီ မီးလောင်ပြင်ကို မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီးအပါ နီးစပ်ရာ မြို့နယ်မီးသတ်စခန်းက မီးတပ်ယာဉ်တွေ၊ ‌ဒေအခြေစိုက်လူမှုကူညီကယ် ဆယ်ရေးအသင်းတွေက မိနစ် ၄၀ ကြာ မြင့်တဲ့အထိ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။

ဓာတ်ပုံ-MFSD

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး