Homeပြည်တွင်းသတင်းမင်္ဂလာ‌တောင်ညွန့် အထက်ပန်းဆိုးတန်းလမ်းမှာ စက်ဘီးနဲ့ကားတိုက်မိပြီး စက်ဘီးစီးလာသူသေဆုံး

မင်္ဂလာ‌တောင်ညွန့် အထက်ပန်းဆိုးတန်းလမ်းမှာ စက်ဘီးနဲ့ကားတိုက်မိပြီး စက်ဘီးစီးလာသူသေဆုံး

၂၈ နိုဝင်ဘာ ၂၀၂၅

ရန်ကုန်တိုင်းဒေသကြီး ၊မင်္ဂလာ‌တောင်ညွန့်မြို့နယ်၊အထက်ပန်းဆိုးတန်းလမ်းနဲ့ဒေါ်သိန်းတင်လမ်း‌ဒေါင့်မှာ စက်ဘီးနဲ့ကားတိုက်မူဖြစ်ပွားခဲ့တာကြောင့် စက်ဘီးစီးလာသူအမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။

နိုဝင်ဘာ၂၇ ရက် နေ့လယ်ပိုင်းအချိန်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ကလေးကျောင်းပို့ပြီး အပြန်မှာ ဖြစ်ပွားခဲ့တာလို့ ကူညီပေးခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအသင်းက အသိပေးထားပါတယ်။

“ကလေး ကျောင်းပို့ပြီး စျေးရောင်းဖို့ စျေးဆိုင်ဆီ ပြန်အသွားမှာ ဖြစ်သွားတာပါ။”လို့ကူညီပေးခဲ့သူကိုပူးတူးက အသိပေးပြောထားပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာ သေဆုံးခဲ့တဲ့ အမျိုးသမီးရုပ်အလာင်းကိုရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး