မင်းပြားမြို့သိမ်းတိုက်ပွဲကနေ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းမိသားစုတွေအထဲက လွှတ်ပေးလို့ရတဲ့ ၂၂၅ ဦးကို မေ ၁၆ ရက်နေ့မှာ ရက္ခိုင်တပ်တော် AA က အခမ်းအနားနဲ့ လွှတ်ပေးလိုက်တယ်လို့ ဒေသတွင်းသတင်း တွေမှာဖော်ပြ လာမှုအရ သိရပါတယ်။
ဒါဟာ မင်းပြားတိုက်ပွဲအတွင်းကနေဖမ်းမိသူတွေကို ဒုတိယအကြိမ်လွှတ်ပေးတာဖြစ်သလို အခု လွှတ်ပေး လိုက်တဲ့သူတွေဟာ စစ်ကောင်စီထိန်းချုပ်မှုမရှိတော့တဲ့ လွတ်မြောက်နယ်မြေက သူတွေဖြစ်ပြီး လွှတ်ပေး လို့ရတဲ့သူတွေကို လွှတ်ပေးလိုက်တာလို့ လည်း သိရပါတယ်။
လွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေအထဲမှာ ကလေးငယ် အယောက် ၁၃၀ နဲ့ အမျိုးသမီး ၉၅ ယောက် ပါဝင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့ကလည်း ပထမအကြိမ်အဖြစ် မင်းပြားမြို့သိမ်းတိုက်ပွဲအတွင်းက ဖမ်းဆီးရရှိခဲ့တဲ့ စစ်သုံ့ပန်းမိသားစုဝင် ၁၇၀ ဦးကို AA မှ လွတ်ငြိမ်းခွင့်ပေးခဲ့ပါသေးတယ်။
မင်းပြားမြို့ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ရခိုင်ပြည်နယ်တွင်းက ၁၄ မြို့နယ်ကို သိမ်းပိုက်ထားပါတယ်။
ဓာတ်ပုံ – APM