၂၇ ဒီဇင်ဘာ၊၂၀၂၄
ချင်းပြည်နယ် ၊ မင်းတပ် မြို့သိမ်းတိုက်ပွဲအတွင်းမှာ မုံရွာခရိုင်တပ်ရင်း ၃ က ရဲဘော် ၇ ဦး ကျဆုံးခဲ့ အကြောင်း မုံရွာခရိုင်တပ်ရင်း ၃ က ဒီဇင်ဘာလ ၂၇ ရက် ဒီနေ့မှာထုတ်ပြန်ပါတယ်။
“မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ မုံရွာခရိုင်အမှတ်(၃)တပ်ရင်းမှ ရဲဘော်(၇)ယောက်ပေးဆပ်ကျဆုံးခဲ့ရပြီး ဖက်ဒရယ်ဒီမိုကစီရရှိရေးအတွက် အသက်ကိုပဓာနမထားပဲ အောင်ပွဲတွေရရှိအောင် ပေးဆပ်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်(၇)ဦးကိုလည်း ဦးညွှတ်ဂုဏ်ပြုအလေးနီပြုပါတယ်”လို့ မုံရွာခရိုင်အမှတ်၃တပ်ရင်း ကထုတ်ပြန်ပါတယ်။
အဆိုပါ ရဲဘော်များမှာ နိုဝင်ဘာ ၉ ရက်နေ့တွင် ၁ ဦး ၊ ၁၆ ရက်နေ့တွင် ရဲဘော် ၁ ဦး ၊ ၂၂ ရက်နေ့တွင် ရဲဘော် ၄ ဦး နဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ရဲဘော် ၁ ဦး စုစုပေါင်း ၇ဦး ကျဆုံးခဲ့ကြောင်းနဲ့ ကိုယ်လက်အင်္ဂါပြတ်တောက်သူ ၂ ဦး၊ အပြင်းအထန် ဒဏ်ရာရရှိသူ ၃ ဦး နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၉ ဦး ထိ ရှိခဲ့တယ် လို့ မုံရွာခရိုင် တပ်ရင်း ၃ က ထုတ်ပြန်ထားပါတယ်။
မုံရွာခရိုင်အမှတ်(၃)တပ်ရင်းမှ ရဲဘော်များအားလုံးရဲ့ မလျော့သောဇွဲနဲ့ ဒီနေ့အချိန်ထိ လိုချင်သောပန်းတိုင်မ ရောက်မချင်းဆက်လက်ပြီး ကြိုးစားနေမည်ဖြစ်ကြောင်းနွေဦးတော်လှန်ရေးမိဘပြည်သူများကို သစ္စာကတိပြု အပ်ပါတယ်လို့ လည်းဆိုပါတယ်။
မုံရွာခရိုငိအမှတ်(၃)တပ်ရင်းမှ ရဲဘော်များဆက်လက်ရပ်တည်ပြီး ပေးဆပ်ခဲ့ရသူရဲဘော်အပေါင်းရဲ့ ပေးဆပ် မှုများစွာ ထိုက်တန်စေဖို့ နွေဦးတော်လှန်ရေးမိဘပြည်သူတွေဘက်မှလည်း ဆက်လက်အတူရှိပြီး လိုအပ်တာ တွေကို ပြည့်စုံစေရန် ဝိုင်းဝန်းထောက်ပို့မှုထောက်ပံ့မှုတွေပြုလုပ်ပေးဖို့ မုံရွာခရိုင် အမှတ် ၃ တပ် ရင်းကတောင်း ဆိုထားပါတယ်။
Photo – မုံရွာခရိုင် အမှတ် ၃ တပ်ရင်း