Homeပြည်တွင်းသတင်းမင်းတပ်မြို့ကို ချင်းညီနောင်အဖွဲ့ သိမ်းပိုက်ထိမ်းချုပ်

မင်းတပ်မြို့ကို ချင်းညီနောင်အဖွဲ့ သိမ်းပိုက်ထိမ်းချုပ်

၂၁ ဒီဇင်ဘာ၊၂၀၂၄

ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ခလရ ၂၇၄ တပ်ရင်းကို ချင်းညီနောင်တပ်ဖွဲ့က ဒီကနေ့မနက်ပိုင်း တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မင်းတပ်မြို့နယ်တစ်ခုလုံးကို ထိမ်းချုပ် လိုက်ပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ မကြာခင် တရားဝင်သတင်း ထုတ်ပြန် သွာမှာဖြစ်တယ်လို့လည်း ချင်းညီနောင်အဖွဲ့ က သတင်းမီဒီယာတစ်ချို့ ကို အသိပေးထားပါတယ်။

ချင်းညီနောင်စစ်ဆင်ရေးကို နိုဝင်ဘာလ ၉ ရက်နေ့က စတင်ခဲ့ကာ မင်းတပ်မြို့ နဲ့ဖလမ်းမြို့တို့ကို မြို့သိမ်း စစ်ဆင်ရေး ဖော်ဆောင်ခဲ့ပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ မင်းတပ်မြို့ပေါ်က စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ စံမင်းသီရိစေတီကုန်း၊ စံပြရပ်ကွက် ဝန်ထမ်းအိမ်ရာလိုင်းခန်း၊ ခရိုင်ဆောက်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ မင်းတပ်ဟိုတယ်၊ မြလေးပွင့်စေတီကုန်း၊ လေးမိုင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး မြို့ရဲ့ ကိုးဆယ်ရာခိုင်နှုန်းကို ထိန်ချုပ်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၁၂၃ ဦး လက်နက်ချခဲ့ပြီး သူတို့နဲ့အတူ မိသားစုဝင်တွေပါ ခိုလှုံလာကြောင်းနဲ့ ဖလမ်းမြို့ကိုလည်း ချင်းညီနောင်ပူးပေါင်းတပ်က ကိုးဆယ်ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်ရဲ့ ရဲတပ်ဖွဲ့ဝင် ၄၀ ကျော် လက်နက်ချခဲ့တယ်လို့ ဒီဇင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ထား ပါတယ်။

Photo – ချင်းညီနောင်အဖွဲ့

ဆက်စပ် သတင်းများ

Most read