Homeပြည်တွင်းသတင်းမင်းကင်းမှာ မင်္ဂလာဆောင်ကို ဗုံးကျဲတိုက်ခိုက်မှု အနည်းဆုံး လူ ၂၀ သေဆုံး

မင်းကင်းမှာ မင်္ဂလာဆောင်ကို ဗုံးကျဲတိုက်ခိုက်မှု အနည်းဆုံး လူ ၂၀ သေဆုံး

၃ ဇွန်၊ ၂၀၂၄

မင်းကင်းမှာ မင်္ဂလာဆောင်ကို စစ်ကောင်စီက လေကြောင်းက ဗုံးကျဲတိုက်ခိုက်တာကြောင့် အနည်းဆုံး လူ ၂၀ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီကနေ စုံစမ်းသိရပါတယ်။

စစ်ကောင်စီဟာ အဲ့ဒီတိုက်ခိုက်မှုကို ဒီနေ့ ဇွန်လ ၃ ရက်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာမှာ မင်္ဂလာဆောင်လုပ်နေစဉ် တိုက်ခိုက်ခဲ့တာကြောင့် မင်္ဂလာပွဲတက်ရောက်လာတဲ့ ပြည်သူတွေလည်း ထိခိုက်သေဆုံးခဲ့တာဖြစ်ပါတယ်။

မင်္ဂလာ သတို့သားနဲ့ သတို့သမီးဟာ တော်လှန်ရေးမှာ ပါဝင်နေတာကြောင့် လုံခြုံရေး ပေါက်ကြားမှုဖြစ်ပြီး ဗုံးကျဲခံရတာဖြစ်နိုင်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တဦးက New Day Myanmar ကိုပြောပါတယ်။

“သတင်းပေါက်ပြီး ကျဲတယ်လို့ ကြားထားတယ်။ လောလောဆယ်တော့ သေဆုံသူတွေကို အတိအကျမသိရသေးပါဘူး။ ကယ်ဆယ်ရေး အဖွဲ့တွေက ဆောင်ရွက်နေတာတွေရှိတယ်။”လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ မတောရွာဒေသခံပြည်သူတွေဟာ ရွာနဲ့ ဝေးရာအရပ်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read