လာမယ့် ဇန်နဝါရီ ၁၁ ရက်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအပိုင်း(၂)အတွက် စစ်ဆေးဖို့ နေပြည်တော်ကနေ မကွေး တိုင်းကို စေလွှတ်လိုက်တဲ့ ရွေး/ကော် ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာမှာ ယာဉ်တန်းထဲမှာပါဝင်လာသူ ၈ဦး သေဆုံးပြီး လက်နက်အချို့ပါ သိမ်းဆည်းရမိခဲ့တယ်လို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို မနေ့က ဇန်နဝါရီ ၆ ရက်နေ့မှာတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ယာဉ်တန်းထဲက G3 သေနတ် နှစ်လက်၊ ကျည် ၁၆၁ တောင့်နဲ့ ကျည်ဘောက် ၃ ခု သိမ်း ဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီ ယာဉ်တန်းမှာ ရွေးကောက်ပွဲကော် မရှင် ဗဟိုအဆင့်နဲ့ တိုင်းအဆင့်တာဝန်ရှိသူတွေ လိုက်ပါလာတာဖြစ်ပြီး၊ သူတို့ဟာ မကွေးတိုင်းထဲက မြို့နယ် ၁၁ မြို့ နယ်မှာ ရွေးကောက်ပွဲ အပိုင်း၂ နဲ့ပတ် သက်တဲ့ စစ်ဆေးတာကို လုပ်ဆောင်ဖို့ စေလွှတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။
ယာဉ်တန်းမှာ ကား ၄ စီးပါဝင်ပြီး မကွေး တိုင်း၊ မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာ အနီး၊ ကန်ပြားလမ်းပိုင်း တစ်နေရာကို အရောက်မှာ ပြောက်ကျားပစ်ခတ်တိုက် ခိုက်ခဲ့တာလို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော် ပြထားပါတယ်။
တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ သေဆုံး
အခြေအနေကိုတော့ UECနဲ့ စစ်ကော်မရှင်ဘက်က တစုံတရာ ထုတ်ပြန်လာတာမျိုးမရှိသေးပါဘူး။
ဓာတ်ပုံ-နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့


