Homeနိုင်ငံတကာသတင်းမက္ကဆီကိုနိုင်ငံမှာ ပထမဆုံး အမျိုးသမီးသမ္မတပေါ်ထွက်လာတော့မည်လား

မက္ကဆီကိုနိုင်ငံမှာ ပထမဆုံး အမျိုးသမီးသမ္မတပေါ်ထွက်လာတော့မည်လား

မက္ကဆီကိုစီးတီး၊ ဇွန် ၃

မက္ကဆီကို နိုင်ငံက သမ္မတရွေးကောက်ပွဲ နောက်ဆုံးနေ့ အပိတ် မဲရလဒ်တွေက ထွက်လာတဲ့ အဖြေအရ ဖရန်ထရန်နာ ကလောက်ဒီယာ ရှိန်ဘာအွန်က မက္ကဆီကိုနိုင်ငံရဲ့ သမိုင်းဝင် ပထမဆုံးသော အမျိုးသမီးသမ္မတဖြစ်လာဖို့ သေချာနေပြီလို့ သတင်းနဲ့ စစ်တမ်းတွေ အရ သိရပါတယ်။

အသက် ၆၁ နှစ်အရွယ် မက္ကဆီကိုစီးတီးမြို့တော်ဝန်ဟောင်း ရှိန်ဘာအွန်ဟာ ဇွန် ၂ရက် တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာ မဲ ၅၆ရာခိုင်နူန်း အနိုင်ရခဲ့ပြီး သူ့ရဲ့ အဓိကပြိုင်ဘက် စီးပွားရေးလုပ်ငန်းရှင် ဇိုချီတာ ကားလ်ဗတ်စ်ကို ပြတ်ပြတ်သားသားအနိုင်ယူခဲ့ တယ်လို့ မဲဆန္ဒရှင်တွေက ပြောပါတယ်။

နှစ်ဘက်ထောက်ခံသူတွေကတော့ ဇွန် ၃ရက် တနင်္လာနေ့အစောပိုင်းမှာ တရားဝင် ကြေငြာမယ့် အပြီးသတ် ရလဒ် ကို မျှော်နေကြပြီ ဖြစ်ပါတယ်။

ပုဂ္ဂလိက စစ်တမ်းတွေ အရ ရွေးကောက်ပွဲ မစမီ ကာလတွေက ကိုယ်စားလှယ်လောင်း စုစုပေါင်း ၃၇ ယောက်အထိရှိခဲ့ပေမယ့် မက္ကဆီကိုနိုင်ငံတစ်ဝှမ်းမှာ ကိုယ်စားလှယ်လောင်း ၂၀ ကျော် အကြောင်းအမျိုးမျိုးနဲ့ သေဆုံးခဲ့ရတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

Ref: BBC

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး