Homeနိုင်ငံတကာသတင်းမက္ကဆီကိုနိုင်ငံမှာ ပထမဆုံး အမျိုးသမီးသမ္မတပေါ်လာဖို့ အမျိုးသမီးတွေက နိုင်ငံရဲ့ နေရာအနှံ့ မဲဆွယ်စည်းရုံးနေ

မက္ကဆီကိုနိုင်ငံမှာ ပထမဆုံး အမျိုးသမီးသမ္မတပေါ်လာဖို့ အမျိုးသမီးတွေက နိုင်ငံရဲ့ နေရာအနှံ့ မဲဆွယ်စည်းရုံးနေ

အိုရီဇာဘာ၊ မေ ၃၁

မက္ကဆီကိုနိုင်ငံသမ္မတရွေးကောက်ပွဲမှာ ရှေ့ကပြေးနေတဲ့ အမျိုးသမီးသမ္မတလောင်း ကလောက်ဒီယာ ရှိန်ဘာအွန် ကို ကိုလိုနီခေတ်မြို့ဟောင်း အီုရီဇာဘာ က ပန်းခြံတစ်ခုထဲမှာ လုပ်တဲ့ လူထုအစည်းဝေးပွဲမှာ ရောက်နေတဲ့ လူအုပ်ကြီးက “သမ္မတ သမ္မတ” ဆိုပြီး အော်ဟစ် ကြွေးကြော်ခဲ့ကြတယ်လို့ သိရပါတယ်။

မက္ကဆီကိုနိုင်ငံသားတွေကလည်း သူတို့နိုင်ငံမှာ ပထမဆုံးသော အမျိုးသမီးသမ္မတတက်လာတော့မယ်လို့ ယုံကြည်နေကြတယ်လို့ သိရပါတယ်။

စစ်တမ်းတွေအရကလည်း ကလောက်ဒီယာ ဘက်က အားသာနေတာ ဖြစ်ပါတယ်။

ကလောက်ဒီယာရဲ့ အရင်းနှီးဆုံး နဲ့ အဓိက ပြိုင်ဘက်ကအမျိုးသမီး ပြိုင်ဘက်ကတော့ ဇိုချီတာ ကားလ်ဗက်စ် ဆိုသူ ဖြစ်ပါတယ်။

လက်တွေ့အခြေနေမှာလည်း မက္ကဆီကိုနိုင်ငံမှာ ရာစုနှစ်တွေတိုင်ခဲ့တဲ့ အမျိုးသားတွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို ချိုးဖျက်ဖို့ သေချာသလောက်ရှိနေပြီလို့လည်း သတင်းတွေက ဖော်ပြနေကြပါတယ်။

မိုရေးနာ လို့ အမည်ရတဲ့ ပါတီရဲ့ခေါင်းဆောင် ကလောက်ဒီယာဟာ အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင် ကျင် ပြောနိုင်တဲ့သူ ဖြစ်သလို “ဒါဟာ မက္ကဆီကိုအတွက် သင်္ကေတတစ်ခုပါ။ ဒါဟာ ကမ္ဘာအတွက် သင်္ကေတတစ်ခုလို့ ကျွန်မထင်ပါတယ်” လို့ ဘီဘီစီကို ပြောပါတယ်။

“အမျိုးသမီးတစ်ယောက် သမ္မတဖြစ်တော့မယ်ဆိုတဲ့ စိတ်လှုပ်ရှားနေတဲ့ မိန်းကလေးငယ်တွေကို ကျွန်တော်မြင်ပါတယ်။ ပြီးတော့ အမျိုးသမီးတွေအတွက်ရော အမျိုးသားတွေအတွက်ရော ယဉ်ကျေးမှုကိုပါ ပြောင်းလဲစေမှာပါ” လည်း မက္ကဆီကို စီးတီရဲ့ မြိုတော်ဝန်ဟောင်း ဖြစ်သူက ထောက်ခံပြောဆိုပါတယ်။

မက္ကဆီကိုနိုင်ငံမှာ ပျမ်းမျှအားဖြင့် တစ်ရက်ကို အမျိုးသမီး ၁၁ ယောက်လောက် အကြောင်းအမျိုးမျိုးနဲ့ အသတ်ခံနေရပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနူန်း အမြင့်ဆုံးနိုင်ငံ တစ်ခုလည်း ဖြစ်တယ်လို့ သိရပါတယ်။

Ref: Yahoo news

ဆက်စပ် သတင်းများ

Most read