Homeနိုင်ငံတကာသတင်းဘော်လတီမိုးတံတားကို ဝင်တိုက်ခဲ့တဲ့ သင်္ဘောကုမ္ပဏီကို အမေရိကန် ဒေါ်လာ သန်း ၁၀၀ လျှော်ကြေးတောင်း

ဘော်လတီမိုးတံတားကို ဝင်တိုက်ခဲ့တဲ့ သင်္ဘောကုမ္ပဏီကို အမေရိကန် ဒေါ်လာ သန်း ၁၀၀ လျှော်ကြေးတောင်း

ဘော်လ်တီမိုး၊ စက်တင်ဘာ ၁၉

ဘောလ်တီမိုးတံတားကို ပြိုကျပျက်စီးသွားအောင် ဝင်တိုက်ခဲ့မိတဲ့ ကုန်တင်သင်္ဘောရဲ့ ပိုင်ရှင်ဖြစ်တဲ့ စင်္ကာပူကုမ္ပဏီကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် လျှော်ကြေးရလိုမှုနဲ့ အမေရိကန် တရားရေးဌာနက စက်တင်ဘာ ၁၈ ရက်မှာ တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

မီတာ ၃၀၀ အရှည်ရှိတဲ့ M/V Dali ကုန်တင်သင်္ဘောက ၂၀၂၄ခုနှစ် မတ် ၂၆ ရက်က Francis Scott Key တံတားကို တိုက်မိခဲ့ရာမှာ လမ်းလုပ်သား ခြောက်ယောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ်အပေါ် တာဝန်ရှိနေတဲ့ Grace Ocean Private နဲ Synergy Marine Private ကုမ္ပဏီတွေကို အရပ်ဘက်တရားစွဲဆိုမှုအဖြစ် မေရီလန်းခရိုင်တရားရုံးမှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

”Francis Scott Key Bridge ဖျက်ဆီးခံရမှုအတွက် တာဝန်ရှိသူတွေက တာဝန်ခံမှုရှိစေဖို့ အမေရိကန်တရားရေးဌာနကကတိပြုပါတယ်” ဆိုပြီး ရှေ့နေချုပ် မဲရစ် ဂါ့လန့်က ထုတ်ပြန်ချက်တစ်ခု ထုတ်ပြီး ဖော်ပြခဲ့တယ်လို့ သိရပါတယ်။

Ref: AFP

ဆက်စပ် သတင်းများ

Most read