Homeပြည်တွင်းသတင်းဘောမိရွာမှာ တိုက်ပွဲပြင်းထန် ရွှေသောင်ယံ က တဆင့် ချောင်းသာနဲ့ ငွေဆောင် ကို စစ်ပွဲရောက်လာနိုင်

ဘောမိရွာမှာ တိုက်ပွဲပြင်းထန် ရွှေသောင်ယံ က တဆင့် ချောင်းသာနဲ့ ငွေဆောင် ကို စစ်ပွဲရောက်လာနိုင်

၁၉ ဇန်နဝါရီ၊ ၂၀၂၅

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်ထဲက ဘောမိရွာမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံ အများအပြား နီးစပ်ရာ မြို့တွေဆီ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

ဘောမိရွာမှာ ဇန်နဝါရီလ ၁၇ ရက် မနက်ပိုင်းကပြီး အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ် အထိနာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဘောမိရွာကို AA က သိမ်းထားပြီ၊ စစ်တပ်က စစ်သားတွေပို့လိုက်တာ အများကြီးပဲ၊ အခုပြန်လာတော့ နည်းနည်းပဲ တွေ့ရတယ်။ တင့်ကားတွေလည်း မီးလောက် ပျက်စီးတာတွေရှိတယ်။”လို့ ရွှေသောင်ယံမြို့က ဒေသခံ တဦီီးက New Day Myanmar ကိုပြောပါတယ်။

စစ်ကောင်စီလေတပ်ကနေ ဘောမိရွာကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုရှိနေပြီး ထိခိုက်သေဆုံးမှု စာရင်းကိုတော့ အသေးစိတ်မသိရသေးပါဘူး။

လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ဘောမိရွာဟာ ရွှေသောင်ယံမြို့နဲ့ မဝေးတော့တာကြောင့် ရွေသောင်ယံကတဆင့် ချာင်းသားကမ်းခြေ၊ငွေဆောင်ကမ်းခြေ ကိုပါ စစ်ပွဲတွေရောက်လာနိုင်တာကြောင့် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

Photo – Google Maps

ဆက်စပ် သတင်းများ

Most read