Homeပြည်တွင်းသတင်းဘူးသီးတောင်မြို့မှာ မီးလောင်မှုဖြစ် နေအိမ် ၂၆ လုံး မီးလောင်ကျွမ်း ဖြစ်စဉ်ကို AA အာဏာပိုင်အဖွဲ့စုံစမ်းနေ

ဘူးသီးတောင်မြို့မှာ မီးလောင်မှုဖြစ် နေအိမ် ၂၆ လုံး မီးလောင်ကျွမ်း ဖြစ်စဉ်ကို AA အာဏာပိုင်အဖွဲ့စုံစမ်းနေ

၂၁ ဒီဇင်ဘာ၊၂၀၂၄

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ မှာမီးလောင်မှုဖြစ်ပွားခဲ့ပြီး ဒေသခံနေအိမ် (၂၆) လုံး မီးကူးဆက်လောင် ကျွမ်းပျက်စီးခဲ့တယ်လို့ သိရပြီး ဖြစ်စဉ်ကို (ULA/AA) အာဏာပိုင်အဖွဲ့ကစုံစမ်းနေတယ်လို့ AA က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့က ဘူးသီးတောင်မြို့ အမှတ် (၄) ရပ်ကွက်ရှိ အာလီဂျူဟဆိုသူရဲ့ နေအိမ်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး အဲ့ဒီကတစ်ဆင့် အနီးဝန်းကျင်ရှိ လူနေအိမ်တွေကို မီးကူးဆက်လောက်ကျွမ်းခဲ့ပြီး ဒေသခံနေအိမ် ၂၆ လုံး မီးလောက်ပျက်စီးခဲ့တယ်လို့ အိမ်ပိုင်ရှင်တွေရဲ့ အမည်စာရင်းနဲ့တကွ AA က ထုတ်ပြန် ထားပါတယ်။

မီးလောင်မှုဖြစ်စဉ်ကို ရက္ခိုင်အမျိုးသားအဖွဲချုပ်/အာရက္ခတပ်တော် ( ULA/AA) တပ်ဖွဲဝင်တွေနဲ့ ဒေသခံပြည်သူ လူထုတို့ ပူးပေါင်းပြီး ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့မှုကြောင့် ယင်းနေ့ ညနေ (၆) နာရီခန့်မှာ မီးငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။

၎င်းမီးလောင်မှုဖြစ်စဉ် နဲ့ ပတ်သက်ပြီး ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်းနဲ့ နောက်ဆက်တွဲသတင်းတွေကို ထပ်မံအသိပေးထုတ်ပြန်သွားမယ်လို့လည်း ဆိုထားပါတယ်။

Photo – AA Info Desk

ဆက်စပ် သတင်းများ

Most read