Homeပြည်တွင်းသတင်းဘုရားသုံးဆူမှာ အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးပါ ၄ ဦးက ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိန်းကျင့် သတ်ဖြတ်အလောင်းဖျောက်

ဘုရားသုံးဆူမှာ အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးပါ ၄ ဦးက ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိန်းကျင့် သတ်ဖြတ်အလောင်းဖျောက်

၁၆ ဇန်နဝါရီ ၂၀၂၅

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့မှာ အသက် ၁၅ နှစ် အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ် အလောင်းဖျောက်ခံရမှုဖြစ်ပွားခဲ့တယ်လို့ ကာယကံရှင်မိသားစုဝင်နဲ့နီးစပ်တဲ့သူတွေက New Day Myanmar ကိုပြောပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ အခုလ ဇန်နဝါရီ ၃ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ၊ ဇန်နဝါရီ ၁၀ ရက်နေ့မှသာ မိန်းကလေးငယ်ရဲ့ အလောင်းကို ဘုရားသုံးဆူမြို့ အလယ်ကုန်းမှာရှိတဲ့ လူမနေတဲ့ နေအိမ်နှစ်လုံးအနောက်က ရေတွင်းပျက်အတွင်း အ လောင်းဖျောက် ပစ်ချထားတာကို ရှာဖွေတွေရှိခဲ့တာပါ။

အဓမ္မကျင့်သတ်ဖြတ်ခံရသူ မိန်းကလေးဟာ အသက် ၁၅ နှစ်အရွယ် မသဉ္စာလင်း ဆိုသူဖြစ်ပြီး၊ သူမဟာ ဘုရားသုံးဆူမြို့ အမှတ် ၃ ရပ်ကွက်၊ နှင်းဆီလမ်း အောက်စုမှာ နေထိုင်သူဖြစ်တယ်လို့သိရပါတယ်။

သူမကို ဇန်နဝါရီ ၁၀ ရက်နေ့မှ အထက်ဖော်ပြပါနေရာက ရေတွင်းထဲမှာမှောက်လျက်အနေအထားပုပ်ပွနေတဲ့အခြေ အနေနဲ့ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်ကတော့ ဇန်နဝါရီ ၃ရက်နေ့မှာ မိန်းကလေးငယ်ဟာ အလုပ်သွားရာက အချိန်တန်အိမ်ပြန်မရောက်လာတာတာကြောင့် ကျူးလွန်ရာမှာပါဝင်တဲ့ ဦးခင်ထွန်း(ခ)ဦးချာလီဆီမှာ သွားရောက်အကြောင်းကြားခဲ့ကြောင်း၊ ကနဦးမှာ ရည်းစားနောက် လိုက်ပြေးတယ်လို့ မိသားစုက ထင်မှတ်ကြောင်း၊ ဦးခင်ထွန်း(ခ)ဦးချာလီကိုယ်တိုင် ဒီအမှုနဲ့မပတ်သက်သလို ဟန်ပြလိုက်ရှာပေးခဲ့ကြောင်း၊ ဇန်နဝါရီ ၁၀ရက်နေ့မှာ ဒေသခံတစ်ဦးရဲ့ လူသေဆုံး‌နေတာကိုတွေ့ရှိလို့အကြောင်းကြားရာက အထက်ဖော်ပြပါ ရေတွင်းဆီကို သွားကြည့်ရာ မိန်းကလေးငယ်ဖြစ်တယ်လို့ မိသားစုက အတည်ပြုကြောင်း ၊ နောက်တစ်ရက်မှာ KNU အဖွဲ့ တာဝန်ရှိသူများက သေဆုံးသူမိန်းက လေးငယ် ရည်းစားဖြစ်သူကို စစ်ဆေးရာမှ အမှုပေါ် ပေါက်ခဲ့ကြောင်းနပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်ပါ ၄ ဦးက ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိန်းကျင့် သတ်ဖြတ်အလောင်းဖျောက်ပါဝင်ပတ်သက်သူတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ‌ဒေသခံတစ်ဦးက ရှင်းပြပါတယ်။

လတ်တလောမှာ ပြစ်မှုကျူးလွန်သူ ၄ ဦးကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ဖမ်းဆီးစစ်ဆေးနေပြီး၊ အဲဒီသူတွေထဲမှာ ဦးခင်ထွန်း (ခ) ဦးချာလီ၊ ကိုဌေးကို၊ ကိုကောင်းဆက်နဲ့ ကိုနိုင်ဝင်းအောင်တို့က ကျူးလွန်သူတွေ စစ်ဆေးမေးမြန်းခံနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအထဲက ကျန်သုံးဦးက ကရင်အမျိုး သားအစည်းအရုံး (KNU)ဆီမှာ ၎င်းတို့ကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုထားပေမယ့် ဦးခင်ထွန်း(ခ)ဦးချာလီက ဝန်မခံသေးဘူးလို့ မိသားစုနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

ဦးခင်ထွန်း (ခ) ဦးချာလီဟာ နှင်းဆီလမ်းအောက်စု ရပ်ကွက်အုပ်ချုပ်ရေးမှူးကခန့်ထားတဲ့ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးလို့ ကနဦးသိရပြီး၊ သူ့ရဲ့သမီးဖြစ်သူဟာ ရဲတပ်ဖွဲ့ဝင် တဦးဖြစ်တယ်လို့လည်း သိရပါတယ်။

ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ကရင်အမျိုး သားအစည်းအရုံး(KNU)က ချမှတ်မယ့် ပြစ်ဒဏ်အပေါ် ဒေသခံများကစောင့်ကြည့်နေကြပြီး၊ အမှုမှန်ပေါ်ပေါက်ရေးနဲ့ ပြစ်မှုနဲ့ပြစ်ဒဏ်ကို မျှမျှတတဖြစ်စေလိုတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး