ဘီဘီစီသတင်းဌာနကို အသရေဖျက်မှုနဲ့ မေရိကန်သမ္မတဒေါ်နယ် ထရန့်က ဒီဇင်ဘာ ၁၅ ရက်က မိုင်ယာမီ ဖက်ဒရယ်တရားရုံးမှာ အမှုဖွင့် တရားစွဲလိုက်ပြီလို့ သိရပါတယ်။
ထရမ့်ရဲ့ မိန့်ခွန်းတခုကို တည်းဖြတ်ရာမှာ မပြောကြားခဲ့တဲ့ စကားရပ်တွေ ထည့်သွင်းဖော်ပြတယ်ဆိုပြီး ဘီဘီစီထံက အနည်းဆုံးအမေရိကန်ဒေါ်လာ ၁၀ ဘီလျံ ရလိုကြောင်းနဲ့ ဘီဘီစီကို တရားစွဲလိုက်တာဖြစ်ပါတယ်။
ဘီဘီစီကတော့ ထရမ့်ကို တောင်းပန်ထားပေမယ့် သူ တောင်းဆိုထားတဲ့နစ်နာကြေးကို ပယ်ချထားပြီး ‘အသရေဖျက်မှု ပြောဆိုချက်အခြေခံအကြောင်းရင်း’ မရှိဘူးလို့ ပြောထားပါတယ်။
ထရမ့်ရဲ့ရှေ့နေအဖွဲ့ကတော့ ဘီဘီစီဟာ သူ့(ထရမ့်)မိန့်ခွန်းကို မမှန်မကန်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲခဲ့တယ်’လို့ စွပ်စွဲထားပါတယ်။


