Homeပြည်တွင်းသတင်းဘားအံမြို့ ဖားဘော်ရွာ‌လေးမှာ လက်နက်ကြီးကျလို့ ကလေးနှစ်ဦးအပါ သုံးဦးသေဆုံး

ဘားအံမြို့ ဖားဘော်ရွာ‌လေးမှာ လက်နက်ကြီးကျလို့ ကလေးနှစ်ဦးအပါ သုံးဦးသေဆုံး

၂၃ အောက်တိုဘာ ၂၀၂၅

ကရင်ပြည်​နယ် ဘားအံမြို့ ဝံပျံကျေးရွာအုပ်စု ဖားဘော်ရွာလေးမှာ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် ကလေးနှစ်ဦးအပါ အရပ်သား သုံးဦးသေဆုံးခဲ့ရသလို ၂၀ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။

အဲဒီဖြစ်စဉ်ဟာ အောက်တိုဘာ ၂၀ရက်ညနေပိုင်း ၅ နာရီကျော်အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ၊ စစ်ကော်မရှင်ရဲ့ ၁၂၀ မမလက်နက်ကြီးကျည် ၃လုံး ကျရောက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လက်နက်ကြီးကျည်ကျရောက်တာကြောင့် အသက် ၆ နှစ် နဲ့ အသက် ၁၂ နှစ်အရွယ် မိန်းကလေး နှစ်ဦး ၊ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်းသုံးဦး သေဆုံးခဲ့သလို ၁၇ ဦး ဒဏ်ရာရခဲ့သလို အိုးအိမ်တွေလည်း ပျက်စီးခဲ့ရတယ်လို့ KNU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။

ထိခိုက်ဒဏ်ရာရရှိသူတွေကို ကူညီကယ် ဆယ်ရေးအဖွဲ့တွေက ကမမောင်းမြို့ကနေတဆင့် တောင်ကလေးစစ်ဆေးရုံဆီ လွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့ ကရင်သ တင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

စစ်တပ်ဟာ ၎င်းတို့ထိန်းချုပ်ရာဒေသတွေအတွင်း အတုယောင်ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖိာ့ ငြိမ်းချမ်းသယောင် ပြုမှုနေ‌ပေမယ့် ကော်သူးလေထိန်းချုပ်နယ် မြေနဲ့ တော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်ရာနေရာဒေသတွေမှာနေထိုင်တဲ့ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားပြီး လေ ကြောင်းတိုက်ခိုက်တာအပြင် လက် နက်ကြီးပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။

ပုံစာ- အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး သေဆုံးရမှု များ(KNU)

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး