ဒီဇင်ဘာ ၁၄၊ ၂၀၂၃
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့ ၂ နှစ်ကျော်ကာလအတွင်းမှာ ဒေသအသီးသီးမှာရှိတဲ့ နေအိမ် ဘာသာရေးအဆောက်အဦးနဲ့ အခြားအဆောက်အဦးပေါင်း ၈ သောင်းကျော် မီးရှို့ဖျက်စီခံခဲ့ ရပြီးဖြစ်ပါတယ်။
စစ်ပွဲတွေအတွင်း လူနည်းစုကိုးကွယ်ယုံကြတဲ့ ဘာသာရေးအဆောက်အဦးတွေကို ဝင်ရောက်စီးနှင်းတာ ၊စခန်းချ တပ်စွဲတာ၊ စစ်ကြောရေးစခန်းတွေအဖြစ်အသုံးပြုတာတွေကို စစ်ကောင်စီအနေနဲ့ လုပ် ဆောင်လာတာဟာ နွေဦးတော်လှန်ရေးကာလမတိုင်မှီ နှစ်(၇၀) ကျော်ကြာဖြစ်ပွားခဲ့တဲ့ ပြည်တွင်း စစ်ကာလ တွေကတည်းကပါ။
နွေဦးတော်လှန်ရေးကာလအတွင်းမှာလည်း စစ်ကောင်စီက ဒီလိုလူအခွင့်အရေးချိုးဖောက်တဲ့ စစ်ရာဇဝတ်မှုတွေကို လူနဲစုကိုးကွယ်ယုံကြတဲ့ ဘာသာမတူတဲ့ တိုင်းရင်းသားဒေသတွေမှာပါမက ဗုဒၶဘာသာကိုးကွယ်တဲ့ ဗမာလူမျိုးအများစုတည်ရှိရာ တိုင်းဒေသကြီးတွေမှာပါ ပြောင်း ပြောင်းတင်း တင်းလုပ်ဆောင်နေဆဲပါ။ အာဏာသိမ်းမှုအလွန် ၂ နှစ်ကျော်ကာလအတွင်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋပက္ခ တိုက်ပွဲ တွေ ကြောင့် လူနေအိမ်၊ဘာသာရေးအဆောက်ဦးနဲ့ အခြားအဆောက်အဦးတွေ မီးရှိုဖျက်ဆီးခံရမှုဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်အတွင်းမှာ အများဆုံးဖြစ်ပွားခဲ့တာပါ။
ပြည်နယ်တွေအတွင်းမှာတော့ ကချင်၊ကရင်နဲ့ ချင်းပြည်နယ်တွေမှာ အများစုံး မီးရှိုဖျက်ဆီးခံထားရ ရပါတယ်။ ဒီလိုဘာသာရေးအဆောက်အဦးတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်စီးတာဟာ လွတ်လပ်စွာကိုး ကွယ် ယုံကြည်ခွင့်အရ လူအခွင့်အရေးချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ကရင်နီလူ့အခွင့်အရေးအဖွဲ့ KNHGR က ကောက်ယူထားတဲ့ စစ်တမ်းတွေအရ ကရင်နီပြည်နယ် အတွင်းမှာလည်း ၂၀၂၁ အာဏာသိမ်းပြီး မေလ နောက်ပိုင်း စစ်ကောင်စီက ဘာသာရေးအဆောက် အဦး ၅၀ ကျော်ကို ဖျက်စီးခဲပြီး ဖြစ်သလို လက်ရှိအချိတ်အထိလည်း ဖျက်စီးခံနေရ ဆဲဖြစ် တယ်လို့ ဆိုပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းမှာလည်း စစ်ပွဲဇုံအတွင်းရှိနေတဲ့ ဘာသာရေးအဆောက် အဦးတွေကို တော်လှန်ရေးအင်အားစုတွေက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာမျိုးမရှိပေမယ့် စစ်ကောင်စီတပ်ကတော့ ရည်ရွယ်ချက်ချက်ရှိရှိနဲ့ တိုက်ခိုက်ဖျက်စီးနေဆဲဖြစ်ပါတယ်။ ISP MYANMAR ကောက်ယူထားတဲ့ အချက်အလက်တွေအရ အာဏာသိမ်းမှုအလွန် ၂ နှစ်ကျော် ကာလအတွင်း နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲ တွေကြောင့် နေအိမ်၊ ဘာသာရေးအဆောက်အဦး ၈၆၁၃၄ ထက်မနည်း မီးရှို့ဖျက်စီး ခံခဲ့ရ ပြီးဖြစ်တယ် လို့ ဆိုပါတယ်။
အဲ့ဒီရှစ်သောင်းကျော်ထဲ့က ငါးသောင်းကျော်ဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ တစ်လအတွင်းမှာ မီးရှိုဖျက်စီး ခံခဲရတာဖြစ်ပြီး အဏာသိမ်းမှုအလွန် မီးရှို့ခံရမှုတွေရဲ့ ၆၄ % ကျော်အထိရှိခဲ့ပါတယ်။
ချင်းပြည်နယ်အတွင်းမှာ အာဏာသိမ်းပြီး တစ်နှစ်အတွင်း ခရစ်ယာန်ဘု ရားကျောင်းနဲ့ ဘာသာရေးဆို င်ရာအဆောက်အဦးပေါင်း (၅၅) ခုအား မီးရှို့ ဖျက်ဆီးခဲ့သလို ဘုရားကျောင်းတွေမှာ တပ်စွဲပြီး သောက် စားမူးယစ်တာတွေရှိနေတယ်လို့ ချင်းရိုးရာအဖွဲ့ကကောက်ယူထားတဲ့ အချက်အလက် တွေအရ သိရပါတယ်။
ပြည်နယ်နဲ့တိုင်းအလိုက်ကိုကြည်မယ်ဆိုရင်လည်း အာဏာသိမ်းမှုအလွန်၂ နှစ်ကျော်ကာလအတွင်းက လူနေအိမ်၊ဘာသာရေးအဆောက်အဦးနဲ့ အခြားအဆောက်အဦးတွေ မီးရှို့ခံရမှုကိုကြည် မယ်ဆိုရင် လည်း စစ်ကိုင်းတိုင်းမှာ ၆ သောင်းကျော် မီးရှို့ဖျက်ဆီးခံရပြီး တစ်နိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရမှုရဲ့ ၇၂ % အထိရှိခဲ့ပြီး ဒုတိယအများဆုံးဖြစ်တဲ့ မကွေးတိုင်းမှာ တစ်သောင်းကျော် မီးရှို့ဖျက်ဆီးခဲ့ရပါတယ်။