Homeပြည်တွင်းသတင်းဘန်ကောက် MBK စင်တာအတွင်း အထောက်ထားမဲ့ မြန်မာ၂၀ ဦး ဖမ်းဆီးခံရ

ဘန်ကောက် MBK စင်တာအတွင်း အထောက်ထားမဲ့ မြန်မာ၂၀ ဦး ဖမ်းဆီးခံရ

၂၄ ဖေဖေါ်ဝါရီ ၊၂၀၂၅

ဘန်ကောက်မြို့ရှိ MBK စင်တာကို ထိုင်းလဝက နဲ့ ရဲတွေ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ ယနေ့မှာ ဝင်ရောက် စစ်ဆေးခဲ့ပြီး လုပ်ပိုင့်ခွင့်မရှိတဲ့ လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ နိုင်ငံခြားအလုပ်သမားတွေကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြလာမှုအရ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ နိုင်ငံခြားအလုပ်သမားတွေအတွင်း မြန်မာ ၂၀ ဦး၊ ဆီးရီးယား ၁ ဦး၊ အိန္ဒိယ ၁ ဦးအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသားအလုပ်သမား၂၂ ဦးအား ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဖမ်းဆီးခံ အလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံသားတွေသာ လုပ်ကိုင်ခွင့်ရှိတဲ့ အလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြသူများပါဝင်သလို၊ အထောက်အထားမဲ့များလည်း ပါဝင်ပြီး လက်ရှိတွင် ပသူဝမ်ရဲစခန်းကို လွှဲပြောင်းပြီး တရားစွဲဆိုမှုတွေ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Photo – Khaosod English

ဆက်စပ် သတင်းများ

Most read