Homeပြည်တွင်းသတင်းဘန်ကောက်ရှိ ပြိုကျတိုက်အောက် ပိတ်မိသူ ၂ဦးထံ အောက်ဆီဂျင် ပို့လွှတ်ပြီး ကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်နေ

ဘန်ကောက်ရှိ ပြိုကျတိုက်အောက် ပိတ်မိသူ ၂ဦးထံ အောက်ဆီဂျင် ပို့လွှတ်ပြီး ကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်နေ

၁၁ ဧပြီ ၊ ၂၀၂၅

ပြီးခဲ့တဲံ မတ်လ ၂၈ ရက်နေ့က လှုပ်ခက်ခဲ့တဲ့ ငလျင်ကြောင့် ပြိုကျခဲ့တဲ့ ဘန်ကောက်မြို့ ချက်တူချက်ရှိ ဆောက် လုပ်ဆဲ နိုင်ငံတော်စာရင်းစစ်ရုံး ဇုန် B အောက်မှာ ပိတ်မိနေသူနှစ်ဦး ယနေ့အချိန်အထိ အသက်ရှင်နိုင်တဲ့ အခြေ အနေတွေရှိနေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ ထိုင်းသတင်းဌာ နတစ်ခုဖြစ်တဲ့ Khaosod သတင်းမှာဖော်ပြလာမှုအရ သိရပါတယ်။

လက်ရှိမှာ ဥမင်လိုဏ်ခေါင်းအတွင်းကို ကယ်ဆယ်ရေးသမားတွေက အောက်ဆီဂျင်တွေ ပို့လွှတ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါ ဇုန် Bအောက်မှာ ယနေ့ မနက်ပိုင်း ဖုန်းမီးအချက်ပြမှုတွေ့ရတာကြောင့် ရှာဖွေကယ်ဆယ်မှုတွေ ပြုလုပ်နေရာ အသက်ရှင်နိုင်ခြေရှိသူ ၂ ဦးကို အနီအောက်ရောင်ခြည်နဲ့ ရှာတွေ့ထားပြီး ဥမင်လိုဏ်ခေါင်းထိပ်ကို ဖွင့်ဖို့ကြိုးစားနေကာ ရှာတွေ့ရန် ၉၀ ရာခိုင်နှုန်းမျှော်လင့်ချက်ရှိကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူ တွေက ပြော ဆိုထားတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – Bangkok Post

ဆက်စပ် သတင်းများ

Most read