Homeအထူးသတင်းဘန်ကောက်မှာ သေနတ်သမားပစ်ခတ်လို့ သေဆုံးသူ ၆ ဦးအထိရှိ

ဘန်ကောက်မှာ သေနတ်သမားပစ်ခတ်လို့ သေဆုံးသူ ၆ ဦးအထိရှိ

၂၈ ဇူလိုင် ၂၀၂၅

ဒီကနေ့ ဇူလိုင်၂၈ ရက် မွန်းလွဲ ၁ နာရီအချိန်မှာ ဘန်ကောက်မြို့Chatuchak မြို့နယ် Or Tor Kor ဈေးအနီးသေနတ်သမားတစ်ဦး လိုက်လံပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်မှာ သေဆုံးသူ ၆ ဦးအထိရှိနေတယ်လို့ Khaosod သတင်းမှာ ဖော်ပြလာပါတယ်။

အသက် ၆၁ နှစ်အရွယ်ရှိတဲ့ ထိုင်းအမျိုးသားသေနတ်သမားဟာ Or Tor Kor ဈေးအတွင်းက ထိုင်ခုံတစ်ခုမှာ သူကိုင်ဆောင်ထားတဲ့သေနတ်နဲ့ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့ပြီဖြစ်ပါတယ်။

သူအနေနဲ့ ဘာကြောင့် ဒီလိုလုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အကြောင်းအရင်းကိုတော့ မသိရှိရသေးပါဘူး။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး