ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ကျောက်ဖရားမြစ် အနောက်ဘက်ကမ်း ဘန်ကောက်နွိုင်အရပ်မှာ မေလ ၁၅ ရက်နေ့က ကတည်းက မူးယစ်ဆေး သုံးစွဲကာသေနတ်နဲ့ပစ်ခတ်တာတွေလုပ်ခဲ့သူကို ဒီကနေ့မနက်ပိုင်း ထိုင်းရဲ့တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ဖြစ်တယ်လို့ သိရပါတယ်။
သေနတ်သမားမှာ အသက် ၃၁ နှစ်အရွယ်အမျိုးသား Mr.Nattawat ဆိုသူဖြစ်ပြီး ဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင် တွေကိုပါ ပြန်လည်ပစ်ခတ်ခဲ့ပြီး ရပ်ကွက်နေသူတွေကိုလည်း သေနတ်၊ဓားနဲ့ ပေါက်ကွဲတတ် တဲ့ပစ္စည်း တွေအသုံးပြုခြိမ်းခြောက်ခဲ့သေးတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
အဆိုပါသေနတ်သမားကို ၎င်းအိမ်အတွင်း ခြေကုန်လက်ပန်းကျလာတဲ့အထိ ၁၇ နာရီကြာ စောင့်ကြည့်ပြီးတဲ့ နောက် ရဲတပ်ဖွဲ့မှ တံခါးကိုပစ်ခတ်ဖျက်ဆီးကာ ဝင်ဖမ်းခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
လကိရှိမှာ အဆိုပါအမျိုးသားကို ဘန်ကောက်နွိုင်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်ကို သတ်ဖြတ်ရန် ကြံစည်မှု၊တရားမဝင် လက်နက်ကိုင်ဆောင်မှုတွေနဲ့ အမှုဖွင့်ထားတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြထားမှုအရ သိရပါတယ်။
ဓာတ်ပုံ – Khaosod